Reject ထိ သရက်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်နိုင်ရန် ကြိုးပမ်းသင့်

11/03/2020 17:00 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    Reject ထိထားသည့် သရက်သီး (ပယ်သီး) များကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်နိုင်ရန် ကြိုးပမ်းသင့်ကြောင်း မြန်မာ့သ ရက်စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းက ပြောသည်။

ထွက်တဲ့အသီးတိုင်းက Export ပို့နေတာ မဟုတ်ပါဘူး။ Reject ထိတာတွေလည်း ပါတယ်။ အသီးတိုင်းက ပြည်ပပို့ကုန်တန်း၀င်တာ မဟုတ်ဘူး။ ဒီသရက်ပင်က ထွက်တိုင်း အားလုံးက အသီးကောင်းတာ မဟုတ်ဘူးလေ။ ဒီလိုပယ်သီးတွေကို value added (တန်ဖိုးမြှင့်ထုတ်ကုန်) အဖြစ် System ပြောင်းလဲ ထုတ်လုပ်နိုင်မယ်ဆိုရင် တောင်သူတွေ အခုထက်ပိုပြီး အဆင်ပြေလာမှာပါ။ ဒီနှစ်ထဲမှာ သရက်သီးကို အေးခဲလုပ်ဖို့ join လာတဲ့ အဖွဲ့နှစ်ဖွဲ့ ရှိတယ်။ အဲ့ဒါတွေအတွက် စပြီး ပြင်ဆင်နေကြတယ်။ Reject တွေကို နှမြောတဲ့အတွက် ပြင်ရမှာပါ။

ဟု မြန်မာ့သရက် စျေးကွက်နှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ အထွေထွေအတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။

    ပြည်တွင်းစားသုံးမှုနှုန်းကို ကြည့်ပါက ထွက်ရှိသည့် သရက်သီးပမာဏ၏ (၃)ပုံ (၂)ပုံကသာ အရည်အသွေးအကောင်းဆုံး ပြည်ပပို့ကုန်ဖြစ်ပြီး၊ ကျန်ရှိနေသည့် သရက်သီးများကို တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ပါက ရေရှည်တွင် စျေးကွက်အလားအလာ များပြားနိုင်ကြောင်း ဦးကျော်စိုးနိုင်က ဆိုသည်။

တရုတ်က စိန်တလုံးသရက်ဆိုရင် ၂၀၀ ဂရမ်အောက်ကို ပယ်တယ်။ သရက်သီးပယ်သီးတွေကို တန်ဖိုးမြှင့်ထုတ်ကုန်လုပ်နိုင်ဖို့ ကြိုးစားတဲ့အဖွဲ့တွေရှိရင် ကောင်းတာပေါ့။ သရက်သီးကို သရက်ခြောက်ထုတ်တဲ့အခါ ရိုးရာနည်းပညာတွေနဲ့ပဲ ထုတ်လုပ်နေကြသေးတယ်။ နည်းပညာပိုင်း အားနည်းနေပါတယ်။

ဟု မူဆယ်၊ သစ်သီး၀လံကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးစိုင်းခင်မောင်က ပြောသည်။

    Value added (တန်ဖိုးမြှင့်ထုတ်ကုန်) များ ထုတ်လုပ်နိုင်ရန် တောင်သူအစုအဖွဲ့များ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပြီး၊ နည်းပညာပေး ဆောင်ရွက်မှုများလည်း လိုအပ်သည်။

နန်းထက်ထက်ချစ်(ABM)

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်