ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးသူများ အော်ဂဲနစ်နည်းပညာသုံးဆေးဝါးများ စမ်းသပ်အသုံးပြုလာ

25/09/2020 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများ အော်ဂဲနစ်နည်းပညာ အသုံးပြုထုတ်လုပ်ထားသည့် အပင်အားဆေးများ စမ်းသပ်အသုံးပြုလာကြောင်း သိရသည်။

အလေ့ကျပေါက်တုန်းကတော့ အပင်တစ်ပင်နဲ့တစ်ပင် ကျဲကျဲပဲဆိုတော့ ရောဂါကျရောက်မှုလည်း မရှိဘူး။ စီးပွားဖြစ်စိုက်ပျိုးတဲ့အခါမှာတော့ အပင်တစ်ပင်နဲ့တစ်ပင်က စိပ်တော့ ရောဂါကျရောက်ဖို့ လွယ်ကူတယ်။ ဒါ့ကြောင့် ရွက်ဖြန်းမြေဩဇာတွေ အပင်အားဆေးတွေ ဒီနှစ်မှ စတင်စမ်းသပ်သုံးကြည့်တာပါ။

ဟု ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့၏အမှုဆောင် အဖွဲ့ဝင် ဦးကီးဟုန်းက ပြောသည်။

    ရှေးယခင်ခေတ်အဆက်ဆက်က  ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်ဒေသများ၌ ဝဥပင်ကို အလေ့ကျ သဘာဝအတိုင်းပေါက်ရောက်မှုများကိုသာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင် ဈေးကွက်လိုလားမှုအရ စီးပွားဖြစ်စိုက်ပျိုးလာကြခြင်း ဖြစ်သည်။ 

အော်ဂဲနစ်ဆေးဝါးတွေထဲကမှ အပင်အစာစားချင်စိတ်တွေ ဖြစ်လာစေအောင်ရယ်၊ မကောင်းတဲ့ရောဂါတွေ မကျရောက်အောင်ရယ်၊ အပင်အတွက်အကျိုးပြုတဲ့ ဘတ်တီးရီးယားတွေကို ပွားစေအောင်ရယ်၊ အထွက်တိုးစေဖို့ရယ် အတွက်ပါ။ ဘာအပင်မဆို များများစိုက်ပြီဆိုတာနဲ့  မြေကြီးမှာလည်း မြေဩဇာတွေခမ်းခြောက်လာတယ်။ အပင်မှာလည်း ခုခံအားနည်းလာတယ်။ ရောဂါဖြစ်ပွားနှုန်း များလာနိုင်တယ်။ ဒါတွေကို ကြိုတင်တွက်ဆပြီး သုံးပေးတာပါ။

ဟု ဦးကီးဟုန်းက ဆက်လက်ပြောသည်။

    ဝဥပင်ကို မေလကုန် ဇွန်လပိုင်း မိုးဦးကျကာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး၊ အောက်တိုဘာလအကုန်တွင် ဥများကိုတူးဖော်ရောင်းချကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်