ရွှေမိုးစံကတော့ တက်လမ်း စိုက်ပျိုးရေးအဖွဲ့ရဲ့ Facilitator တစ်ယောက်ဖြစ်ပါတယ်။ သူက မင်းပြားမှာ ကျင်းပခဲ့တဲ့ အစိမ်းရောင်လမ်း အပလီကေးရှင်း (App) သင်တန်းကို တက်ရောက်ခဲ့သူလည်းဖြစ်ပါတယ်။ ဒီ သင်တန်းကိုတော့ တက်လမ်းစိုက်ပျိုးရေးအဖွဲ့ကလယ်သမားတွေ စမတ်ဖုန်းပေါ်ကနေ စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ သတင်းအချက်အလက်တွေ ရယူနိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။
“ဒီ App ကို သုံးပြီး လယ်သမားတွေအနေနဲ့ အကျိုးကျေးဇူးတွေအများကြီးရမယ်လို့ ယုံကြည်ပါတယ်။ ဥပမာ ပြောရရင် ဖရဲသီးတို့ သရက်သီးတို့ကနေပြီး value added ပစ္စည်းတွေရအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်းတွေ ပါပါတယ်။ ဒါ့အပြင် အပင်တွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတွေလည်းပါတယ်။ စာမတတ်တဲ့လယ်သမားတွေအတွက်လည်း ဗဟုသုတ ရမယ့် ဆောင်းပါးတွေကို audio နဲ့နားထောင်လို့ရအောင်လုပ်ပေးထားတယ်။ ဒါကလည်း အရမ်းအကျိုးကျေးဇူးရှိတဲ့အချက်ပါ” လို့ ရွှေမိုးစံက ပြောပါတယ်။
မူရင်းဆောင်းပါး- တက်လမ်း စီမံကိန်း