စိုက်ပျိုးမွေးမြူရေးသုံး စက်ပစ္စည်းအတွက် ဈေးနှုန်းနဲ့ အခြား လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့အတွက် ဘယ်လို လုပ်ဆောင်ကြမလဲ......

26/12/2017 14:35 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

လယ်မြေအတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို ဝယ်ယူဖို့ တစ်ဦးတစ်ယောက်တည်း မတတ်နိုင်တဲ့အခါ လယ်သမား အစုအဖွဲ့လေးတွေဖွဲ့ပြီး အရစ်ကျ ပူးပေါင်းဝယ်ယူ၊ ငှားရမ်းတဲ့ စနစ်ကို အသုံးပြုရပါမယ်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ၊ ပုဂ္ဂလိက စိုက်ပျိုးရေးဘဏ်၊ ရေဒီယို၊ စိုက်ပျိုးရေးစာစောင်၊ စိုက်ပျိုးမွေးမြူရေး ရုပ်သံလိုင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကုန်သည်၊ စိုက်ပျိုးရေးပညာရှင်၊ NGO အဖွဲ့တွေဆီသွားပြီး အတူ ပူးပေါင်းဆောင်ရွက်ကြရမှာပါ။

ဒါ့ကြောင့် စိုက်ပျိုးမွေးမြူရေး အထောက်အပံ့တွေရနိုင်ဖို့ စုပေါင်းဝယ်ယူ ငှားရမ်းအသုံးပြုမှုစနစ်နဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ရယူကြပါစို့............

ဤတီဗီ ဗီဒီယို အစီစဉ်ကို UNESCO, LIFT, မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တို့ မှ ပူးပေါင်းတင်ဆက်ပါသည်။ 

 


Download
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်