စမ်းသပ်ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်‌ဆေးရာတွင် လိုအပ်သည့်အချက်များ

21/04/2023 16:26 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

ရေနမူနာများပေးပို့ရာတွင်

-အနည်းဆုံးရေ ၁လီတာအား နမူနာပေးပို့ရပါမည်။

-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။

-အောက်ဆီဂျင်ပျော်၀င်မှုတိုင်းတာရန်အတွက် ပေးပို့သည့် နမူနာရေဘူးအား နေရောင်ခြည်နှင့်တိုက်ရိုက်မထိစေရန် သတင်းစာစက္ကူဖြင့်အလုံပတ်၍‌ ၆နာရီအတွင်း ပေးပို့ရပါမည်။

-ကာဗွန်ဒိုင်အောက်ဆိုက် ပါ၀င်မှုတိုင်းတာရန်အတွက် အပူချိန် ၄ဒီဂရီစင်တီဂရိတ် လျှော့ချသယ်ရမည်။ထိုသို့သယ်ဆောင်ခြင်းဖြင့် ဓာတ်ခွဲရာတွင်တိကျမှုအကောင်းဆုံး ဖြစ်ပြီး ဝေးလွန်းသည့်ဒေသဖြစ်ပါက ဓာတ်ခွဲခန်းသို့ ၅ရက်အတွင်း အရောက်‌ပေးပို့ရမည်။

 မြေနမူနာများပေးပို့ရာတွင်

-မြေနမူနာများအား အတက်နိုင်ဆုံး ရေပါ၀င်မှုနည်းသောနေရာမှမြေသားကိုယူရမည်။

-‌မြေနမူနာ အနည်းဆုံး၁၅ကျပ်သားခန့် ပေးပို့စစ်ဆေးရမည်။

-နမူနာယူသည့် ကန်အမည်၊ အချိန်၊ ရက်စွဲများဖော်ပြပေးရပါမည်။

-ကန်အသစ်မှမြေသားဖြစ်ပါက အနက် ၃ပေ သို ၅ပေ မှမြေသားအား‌ပေးပို့ရမည်။

-ကန်အဟောင်းဖြစ်ပါက အနက် ၁ပေ မှမြေသားအားပေးပို့ရမည်။

-ကန်အကျယ် ၁ဧကအတွင်းအနည်းဆုံး မြေနမူနာ ၁ခုပေးပို့ရမည်။

-စစ်‌ဆေးမည့်မြေနမူနာများအား ၅ရက်အတွင်း ဓာတ်ခွဲခန်းသို့ ပေးပို့ရမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်

ကြိုက်နှစ်သက်သည် မကြိုက်ပါ မှတ်မည်