ရေထွက်ကုန်တင်ပို့မှု နှစ်ပေါင်း ၂၀ ကျော်အတွင်း စံချိန်တင်ဝင်ငွေရရှိ

16/10/2019 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပြီးခဲ့တဲ့   ဘဏ္ဍာနှစ်  ရေထွက်ကုန်ပြည်ပ တင်ပို့မှုကနေရရှိတဲ့   ဝင်ငွေဟာ  နှစ်ပေါင်း   ၂၀   ကျော်အတွင်း   စံချိန်တင်  အများဆုံးရရှိတဲ့ နှုန်းထားဖြစ်ပါတယ်။  ငါးလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်   ဦးမြင့်ဇင်ထူးက   “ကျွန်တော်တို့   မြန်မာနိုင်ငံကနေ  ရေထွက်ကုန်တင်ပို့ပြီး  စာရင်းပြုစုတာက    ၉၇-၉၈  ဘဏ္ဍာ နှစ်ကစတာပေါ့၊  အဲဒီတော့  နှစ်ပေါင်း   ၂၁   နှစ်အတွင်းမှာတော့   အများဆုံးဝင်ငွေရရှိမှုပဲ” လို့ပြောပါ တယ်။

 

မကြာသေးခင်ကကုန်ဆုံးခဲ့တဲ့  ၂၀၁၈-၂၀၁၉   ဘဏ္ဍာနှစ်ရဲ့ရေထွက်ကုန်တင်ပို့မှုဟာ တန်ချိန် ၅၈၀,ဝဝဝ   ကျော်  တင်ပို့ခဲ့ပြီး ဝင်ငွေအနေနဲ့  အမေရိကန်ဒေါ်လာသန်း    ၇၂၀   ကျော်ရရှိခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ တန်ချိန်   ၅၆၀,ဝဝဝ    ကျော်တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအနေနဲ့ ဒေါ်လာသန်း  ၇၁၀  ကျော်ရရှိခဲ့ပါတယ်။

သတင်းအပြည့်အစုံဖတ်ရန်

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်