၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

10/02/2019 06:23 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကျန်းမာတော်မူကြပါစခင်ဗျာ။

၉-၂-၂၀၁၉၊ ည(၁၁:၄၅)နာရီ။

၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ (၁၀) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်နိုင်ခြေ။ မရှိသေးပါ။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၉-၂-၂၀၁၉)ရက် နံနက် (၀၉ း ၀၀) နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင် လယ် အော် မှာ တိမ် အနည်းငယ် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေ မှာ တိမ် အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ် ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအနည်း ငယ်သာ ရှိပါမယ်။မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၁) ပေခန့် မှ (၂)ပေ ခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။ 

ကချင်ပြည်နယ်၊ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ရခိုင်ပြည် နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) နှင့် မကွေးတိုင်း ဒေသကြီး တို့မှာ 7°C မှ 15°C ခန့်၊ ကျန်ဒေသတွေ မှာ 16°C မှ 22°C အထိရှိ နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊ 

တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု အခြေအနေ။ 

ကချင်ပြည်နယ် နဲ့တနင်္သာရီတိုင်းတို့တွင် မိုးတိမ်တောင်ဖြစ်နိုင်သည်မှအပ၊ တနိုင်ငံလုံးတွင် မိုးတိမ်တောင်များ ကင်းစင်နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး၊ မွန်ပြည်နယ်၊ကရင်ပြည်နယ် နှင့် တနင်္သာရီတိုင်းဒေသကြီး တို့တွင် တိမ်အနည်းငယ် မှ တိမ်အသင့် အတင့် ဖြစ်ထွန်း နိုင်ပြီး၊ ကျန်ဒေသတွေမှာ သာယာ နိုင်ပါ တယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။

 

သတင်းရင်းမြစ် - ဒေါက်တာထွန်းလွင်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်