နေ့စဉ်မိုးလေဝသသတင်း

08/02/2018 15:55 PM တွင် မိုးဇလ မိုးဇလ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင်အများအားဖြင့် သာယာနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းအခြေအနေ။ ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန်အခြေအနေမရှိနိုင်သေးပါ။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၆-၂-၂၀၁၈)ရက် နံနက် (၀၉းဝဝ)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွေမှာ တိမ် အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၁) ပေခန့် မှ (၄) ပေခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။
ညအပူချိန်များ ဟာ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့မှာ 6°C – 10°C ခန့်၊ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် မကွေးတိုင်းဒေသ ကြီး တို့တွင် 11°C – 15°C ခန့်၊ ကျန်ဒေသ တွေမှာ 16°C – 20°C ခန့်ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မားအဆင့် တွင်ရှိ နိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့မှာ နေရာကွက်ကျားမိုးရွာနိုင်ပြီး၊ ကျန်ဒေသတွေ မှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နိုင်ပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့မှာ နေရာကွက်ကျားမိုးရွာနိုင်ပါတယ်။

ယနေ့ညနေအထိခန့်မှန်းချက်။ ကချင်ပြည်နယ်နှင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင်နေရာကွက်ကျား မိုးရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ နေပြည်တော်၊စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့်သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့်ရှိနိုင်ပါသည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ တစ်ပြည်လုံးတွင် ညအပူချိန်များ အနည်းငယ်တိုးလာနိုင်ပါသည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ကိုးကား-မိုးဇလ၊ ဒေါက်တာထွန်းလွင် 

 
 

CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်