ရေကြီးရန် တာစူနေသည့် ရန်ကုန်၊ ဧရာဝတီနှင့် ပဲခူးတိုင်းတို့ ကြိုပြင်ထားရန် ဒေါက်တာထွန်းလွင် သတိပေး

17/01/2018 15:09 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဘင်္ဂလားပင်လယ်အော် တွင် ဖြစ်ပေါ်နေသော လေဖိအား  နည်းရပ်ဝန်းကြောင့် ပင်လယ်ပြင် တွင် မုတ်သုံလေအားအလွန် ကောင်းနေပြီး နေရာကွက်၍ မိုး ကြီးနိုင်သည့်အပြင် ပင်လယ်တွင် လှိုင်းကြီးနိုင်သောကြောင့် လိုအပ် သော ကြိုတင်ကာကွယ်မှုများ ပြု လုပ်ရန်လိုအပ်ကြောင်း မိုးလေဝ သပညာရှင်ဒေါက်တာထွန်းလွင် နှင့် မိုး/ဇလဌာနက သတိပေးချက်ထုတ်ပြန်ထားသည်။

‘‘မိုးကြီးလို့ ရေကြီးဖို့ တာစူ နေတဲ့ဒေသတွေက ရန်ကုန်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းဒေသကြီးတွေပါ။ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှု တွေ လုပ်ထားသင့်ပါတယ်။ ဒီဒေသတွေမှာ မိုးကောင်းနေတဲ့အပြင် အထက်မှာ ရွာတဲ့မိုးကလည်း ဒီမှာလာစုနေတော့ စိုက်ပျိုးရေးအဓိကနေရာတွေဖြစ်တဲ့အတွက် ပိုသတိရှိဖို့လိုတယ်’’ဟု  ဒေါက်တာထွန်းလွင်က ပြောသည်။

ထို့အပြင် ဘင်္ဂလားပင်လယ် အော်၌ ဇူလိုင်လအတွင်း နှစ်ကြိမ် မြောက် လေဖိအားနည်းရပ်ဝန်း ဖြစ်နေပြီး ပင်လယ်တွင် မုတ်သုံ ပေါ်လေအား အလွန်ကောင်းနေ ကြောင်း မိုး/ဇလဌာနဒုတိယညွှန် ကြားရေးမှူးး ချုပ်ဦးကျော်မိုးဦးက ပြောသည်။ ‘‘ဇူလိုင်လထဲမှာတင် နှစ်ကြိမ်မြောက်ဖြစ်တဲ့ လေဖိအား နည်းရပ်ဝန်းပဲ။ သူကလည်း အား ကောင်းနေတဲ့အပြင် အရှေ့ဘက် ကလာတဲ့ လေတွေကလည်း ဒီ ရက်တွေမှာ အားကောင်းနေလို့ အောက်ပိုင်းဒေသတွေမှာရော ကွက်ပြီးမိုးကြီးနိုင်တဲ့ သတိပေး ချက်ထုတ်ထားတယ်’’ဟု ဦးကျော်မိုးဦးကပြောသည်။

အရှေ့ဘက်မှလာသော လေ ပွေလှိုင်းများကြောင့် ရှမ်းပြည် နယ်ဘက်တွင်လည်း မိုးကောင်းနိုင် ပြီး ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင် ပိုင်းတွင် ဇူလိုင် ၁၂ ရက်က ပုံမှန်ထက် မိုးရွာသွန်းမှုပိုခဲ့ကြောင်း ဒေါက်တာထွန်းလွင်က ပြော သည်။ ရှမ်းပြည်အရှေ့ပိုင်းတာ ချီလိတ်မြို့တွင် ဇူလိုင် ၁၂ ရက် ညနှင့် ၁၃ ရက် နံနက်က သုံးနာရီခန့် ကြာသည်း ထန်စွာရွာခဲ့သော မိုး ကြောင့် မြေပြိုကာ လူခုနစ်ဦးသေဆုံးရသည်အထိ သဘာဝဘေး အန္တရာယ်ရင်ဆိုင်ခဲ့ရသည်။

ယခုရက်ပိုင်း အတွင်းဖြစ် ပေါ်နေသော ရာသီဥတုအခြေအ နေများအရ ရန်ကုန်၊ ဧရာဝ တီ၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေ ရာကွက်၍ မိုးကြီးနိုင်ပြီး မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့်  ကမ်းလွန် ပင်လယ်ပြင်တို့တွင် လေတိုက်နှုန်းတစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။

REF: 7 Day Daily


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်