ညောင်ဦး၊ ရေနံချောင်း၊ ချောက်ဒေသများတွင် မိုးခေါင် သတိပေးချက် အမြင့်ဆုံးပွိုင့်များတွင် ရှိနေ

22/06/2022 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ညောင်ဦး၊ ရေနံချောင်း၊ ချောက်စတဲ့ ဒေသတွေမှာ အခုလကုန်ထိ မိုးခေါင်ခြင်းသတိပေးချက်အဆင့် အမြင့်ဆုံးအမှတ်တွေဖြစ်တဲ့ D4 to D5 အထိ ရှိနေကြောင်း Windy ရဲ့ Drought Intensity Forecast မှာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

ကမ္ဘာ့မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Windy မှာ နေ့ရက် တစ်ရက်ချင်းစီရဲ့ Drought Intensity data ကို ၂၄ နာရီ တစ်ကြိမ် ၁၀ ရက်အတွက် update ပြပေးထားတဲ့အခြေအနေအရ ဦးဝင်းနိုင်က အခုလို ပြောတာပါ။

“ မိုးခေါင်တဲ့အနေအထားအတွက် အဆင့် ၅ ဆင့်နဲ့ပြတယ်။  D 1 ကနေ D 5 အထိ ဆိုပြီးတော့ ပြတာ။ Drought ဆိုတဲ့ မိုးခေါင်တဲ့အခြေအနေပေါ့။ ညောင်ဦးမှာဆို D5 အဆင့်ထိတောင် ပြထားတယ်။ မိုးတော်တော်နည်းမယ့်အခြေအနေပေါ့။ အခုလကုန် ၃၀ အထိပေါ့နော်” 

ဒီကြားထဲ အဲ့ဒီဒေသတွေမှာ မိုးရနိုင်ခြေကတော့ “ မုန်တိုင်းဖြစ်မှပဲ မျှော်လင့်လို့ရမယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။

မိုးလေဝသဝက်ဘ်ဆိုဒ်တွေရဲ့ ခန့်မှန်းဖော်ပြချက်တွေအရ ‘ အထက်ပိုင်း ကချင်ပြည်နယ်မှာ ၇၂ နာရီအတွင်း မိုးရေချိန်စုစုပေါင်း ၆ လက်မလောက်ရွာပြီး မြစ်ရေတွေကြီး၊ လူတွေရေ‌ဘေးအတွက် စိုးရိမ်နေကြရတဲ့ အခြေအနေမှာ - အလယ်ပိုင်း မိုးနည်း/ရေရှားဒေသနဲ့ တောင်ကြီး၊ ရပ်စောက်၊ ဟဲဟိုးနဲ့ အောင်ပန်းအပါအဝင် ရှမ်းပြည်တောင်ပိုင်းဒေသတချို့၊ ကယား ပြည်နယ် ဖယ်ခုံနဲ့ ဒီးမော့ဆို ဒေသတွေမှာတော့ မိုးနည်းတဲ့ အခြေအနေနဲ့ ကြုံရပြီး စိုက်ပျိုးပင်များစိုက်ဖို့ အခက်အခဲဖြစ်လောက်တဲ့ မိုးနည်းနေခြင်းအခြေအနေနဲ့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်' လို့လည်း ဦးဝင်းနိုင်က သုံးသပ်ဖော်ပြထားပါတယ်။

မြန်မာပြည်အထက်ပိုင်းဒေသတွေမှာတော့ မြစ်ရေမြင့်တက်မှုတွေကြောင့် ရွှေကူ၊ ကသာ၊ ဗန်းမော်မြို့တွေဘက်မှာ ရေဘေးရှောင်ရမှုများရှိလာနေပြီး အခုလကုန်ပိုင်းကျရင်တော့ မြစ်ကြီးနားနဲ့ မန္တလေးကြားမှာလည်း ရေကြီးနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်လို့ သတိထားကြ သင့်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။

Photo Crd_Win Naing FB

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်