အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံမြောက်ပိုင်းမှ မကြာမီစတင် ဆုတ်ခွာပါတော့မယ်

12/09/2019 18:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

၁၁-၉-၂၀၁၉ နံနက်(၀၀:၀၆)နာရီ။

   မြေပြင်အထက်ပေ(၅၀၀၀)အမြင့် နဲ့ ပေ(၃၈၀၀၀)အမြင့်တေွမှာ (၁၀-၉-၂၀၁၉)ရက်မှ (၁၆-၉-၂၀၁၉) ရက်တစ်ပတ်အတ ွင်း တိုက်ခတ်နိုင်တဲ့လေတိုက်ခတ်မှုခန့်မှန်းချက်အရ အ နောက်တောင်မုတ်သုံလေဦးဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းဒေသများတွင် အားပျော့ (Feeble) နေပါတယ်။ ဒါကြောင့် စက်တင်ဘာလ(၁၅)ရက်ခန့်တွင် အနောက်တောင်မုတ်သုံလေဟာ မြန်မာနိုင်ငံမြောက်ပိုင်းမှ စတင်ဆုတ် ခွာသွားလိမ့်မယ်လို့ခန့်မှန်းရပါတယ်။

   ကျန်ရှိနေ သေးသောဒေသများဖြစ်တဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှ စက်တင်ဘာလ(၂၀)ရက်ခန့်တွင်လည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသများမှ စက်တင်ဘာလ(၂၅)ရက်ခန့်တွင်လည်းကောင်း၊ မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ အောက်တိုဘာလဆန်းခန့်တွင်လည်းကောင်း ဆက်လက်ဆုတ်ခွာသွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်