🕔 နေ့လည် ၂း၀၀ အချိန် ခန့်မှန်းချက်
မြန်အောင်ခရိုင်၊ ပြည်ခရိုင်၊ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ စေတုတ္တရာ၊ လောင်းရှည်၊ ဆော၊ ချောက်၊ ညောင်ဦးခရိုင်၊ ပခုက္ကူခရိုင်၊ မြင်းခြံခရိုင် မိုးတွေရွာပါလိမ့်မယ်။ ဆိပ်ဖြူနှင့် ချောက် မိုးကြီးပါမယ်။
🕔 နံနက် ၁၀း၄၀ အချိန် ခန့်မှန်းချက်
နောက် ၇၂ နာရီအတွင်း မြိုင်၊ ဝက်ပုတ်၊ အိုင်းမ၊ ရွာတန်းရှည်၊ ပျဥ်ချောင်း၊ မိချောင်းတွင်းရွာ၊ ကျွန်းရင်းရွာ၊ ကင်မွန်းတောင့်ရွာ၊ ကမ္မရွာ၊ ထန်းတပင်၊ မြစ်ခြေ၊ ပခုက္ကူ မိုးများစွာရွာသွန်းနိုင်ပါတယ်။
🕔 နံနက် ၉း၁၈ အချိန် ခန့်မှန်းချက်
မကွေးတိုင်းသတိ ၂၀၂၁ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၇ ရက်နေ့အတွင်း မကွေးတိုင်းကြီးတွင် ရွာသွန်းမြဲထက် ၃ဆပိုမိုရွာသွန်းနိုင်သဖြင့် ရေကြီးရေလျှံသတိပြုကြပါ။
🕔 နံနက် ၉း၀၀ အချိန် ခန့်မှန်းချက်
မုတ်သုန်လေအားကောင်းနေပါတယ်။ နောက်၂၄ နာရီမှ ၄၈ နာရီအတွင်း ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း မိုးတွေရွာပါဦးမယ်။
🕔 နံနက် ၈း၀၅ အချိန် ခန့်မှန်းချက်
ကပ္ပလီပင်လယ်(andaman sea) တွင် မုတ်သုန်လေအားအလွန်ကောင်းနေပါတယ်။ တနင်္သါရီတိုင်းတောင်ပိုင်း မြိတ်၊ ဘုတ်ပြင်း၊ ကော့သောင်း၊ ရနောင်း မိုးကြီးနိုင်ပါတယ်။ တိုင်းရဲ့အနောက်ဖက် ပင်လယ်ပြင်အတွင်း သွားရောက်ခြင်းမလုပ်ကြပါနဲ့။ လှိုင်းကြီးထန်မိုးသည်းထန်မယ်။ ရေလှိုင်းအမြင့် ၉ ပေ မှ ၁၂ ပေအထိရှိနိုင်ပြီး လေထန်ချိန်တွင် ၂၄ မိုင် မှ ၃၆ မိုင်အထိတိုက်ခတ်နိုင်ပါတယ်။
𝙎𝙐 𝙎𝙐 𝙎𝘼𝙉
𝙎𝙀𝙉𝙄𝙊𝙍
𝙈𝙀𝙏𝙀𝙊𝙍𝙊𝙇𝙊𝙂𝙄𝙎𝙏
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧 &
𝙈𝙚𝙩𝙚𝙤𝙧𝙤𝙡𝙤𝙜𝙞𝙘𝙖𝙡 𝙄𝙣𝙩𝙚𝙡𝙡𝙞𝙜𝙚𝙣𝙘𝙚 𝙊𝙛𝙛𝙞𝙘𝙚𝙧
Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more
Facebook page သို့သွားရန်