Nangka နန်းက မုန်တိုင်းသည် ၂၀၂၀ အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗီယက်နမ်မြောက်ပိုင်းကို ဝင်ရောက်နိုင်ပြီး ၁၅ ရက်နေ့မှာတော့ UAC cell နှစ်ခုကွဲသွားပြီး တစ်ခုက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ နေပြည်တော် တို့မှာ မိုးရွာသွန်းလာနိုင်ပါတယ်။ ၁၅ ရက်နေ့မှာပဲ ထိုင်းပင်လယ်ကွေ့မှ Tropical Low cell တွေက တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မိုးရွာသွန်းနိုင်ပါတယ်။
၁၆ ရက်နေ့မှာတော့ ယူနန်ဖက်ကိုလွှင့်လာတဲ့ UAC cell တွေက ကချင်ပြည်နယ် အရှေဖက်ပိုင်း အထက်ပိုင်းတွေမိုးရွာနိုင်ပြီး ကရင်ပြည်နယ်ဖက်လွှင့်လာတဲ့ UAC cell တွေက ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်၊ မကွေးတိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း အနောက်ပိုင်း၊ စစ်ကိုင်းတိုင်းအနောက်ပိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ မိုးရွာစေမှာဖြစ်ပြီး ထိုင်းပင်လယ်ကွေ့မှ TLC တွေက တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်းတွေမှာ မိုးရွာသွန်းစေနိုင်ပါတယ်။
၁၇ ရက်နေ့မှာတော့ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအနောက်ပိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တွေမှာ မိုးရွာနိုင်ပါတယ်။
၁၈ ရက်နေ့ ၁၉ ရက်နေ့ ကချင်ပြည်နယ်မှာ မိုးဆက်ရွာနိုင်ပါကြောင်း ချစ်ခြင်းများစွာနဲ့ မျှဝေလိုက်ရပါတယ်ရှင့်...
၁၃/၁၀/၂၀၂၀
သတင်းအရင်းအမြစ် - Su SuSan
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်