နေ့အပူချိန်များကျဆင်းလာမည်ဖြစ်ပြီး မုတ်သုန်ကြိုမိုးများ ရွာသွန်းနိုင်

18/04/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ၂၀၂၀ ဧပြီလ ၂၆ ရက်နေ့နောက်ပိုင်းမှာ မြန်မာတစ်နိုင်လုံး နေ့အပူချိန်များကျဆင်းလာမည်ဖြစ်ပြီး မုတ်သုန်ကြိုမိုးများ ရွာသွန်းနိုင်ပါတယ်။ ပူတယ်မအော်ကြနဲ့နော်။ ၂၀၁၉ အပူချိန်ထက် အများကြီးလျော့တယ်။ နွေဥသြက သံချိုတေးကိုသာပေးပါလိမ့်မယ်ဆိုတဲ့ ပြောခဲ့တဲ့စကားကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ စံချိန်တင်မြင့်တက်ခဲ့တဲ့ ဒေသမျိုးလည်း မနှစ်ကလိုမရှိခဲ့ပါဘူး။ 

    ဧပြီလကုန်ပိုင်း ဘင်္ဂလားပင်လယ်အော် (BOB) တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်း Low pressure cell တွေ ဝင်ရောက်နေရာယူလာတာကတော့ မုန်တိုင်းသံပေးလာတာဖြစ်ပါတယ်။ အဝါမြှားတွေကတော့ ရေငွေ့သယ်ဆောင်မှုကို ဖော်ပြထားတာဖြစ်ပြီး ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မကွေးတိုင်းတွေမှာ မုတ်သုန်ကြို ထစ်ချုန်းမိုးတွေရွာလာနိုင်တာကို ဖော်ပြထားတာပါ။ ဧပြီလနောက်ဆုံးပတ်မှာ အောက်မြန်မာနိုင်ငံဒေသများ နေ့အပူချိန်တွေလည်း ကျဆင်းလာမည်ဖြစ်ပြီး ထစ်ချုန်းမိုးနဲ့အတူ လျှပ်စီးမိုးကြိုးနဲ့ တစ်ချို့ဒေသတွေမှာ ရုတ်တရက်လေပြင်းကျရောက်နိုင်ပါတယ်။ မေလပထမပတ် မုန်တိုင်းဖြစ်လာနိုင်မှုအခြေအနေကိုတော့ Update တင်ပေးနေမှာဖြစ်ပါတယ်။

Source -  Su Su San (ရာသီဥတုအခြေအနေမျှဝေကြမယ်)


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်