အောက်တိုဘာ (၂၈) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

28/10/2021 10:00 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕔နံနက် ၁၀း၄၅ အချိန် ခန့်မှန်းချက်

 

၂၀၂၁ အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၆  ရက်နေ့အတွင်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းမကွေးတိုင်း၊  မန္တလေးတိုင်း၊ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွေမှာ မိုးတွေရွာနိုင်ပါသေးတယ်နော်။

🕔နံနက် ၄း၃၀ အချိန် ခန့်မှန်းချက်

မြေပဲဖော်နေကြသူတွေ စပါးရိတ်သိမ်းနေကြတဲ့သူတွေ သတိပြုကြပါ။ ၂၀၂၁ အောက်တိုဘာလ ၂၈ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊  နေပြည်တော်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊  ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းတွေမှာ မိုးရွာနိုင်သဖြင့် အထူးသတိထားပြီး ပျက်စီးမှုမရှိအောင်ဆောင်ရွက်ကြစေနိုင်ရန် အဆင့်မြင့်မိုးလေဝသဂြိုလ်တုများမှ စောင့်ကြည့်ထောက်လှမ်းပြီး အချိန်နှင့်တပြေးညီ တင်ပေးသွားပါမယ်။

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်