နိုဝင်ဘာ (၆) ရက်နေ့အတွက် စုစုစံရဲ့ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု

06/11/2021 10:00 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕗 နံနက် ၈း၀၀ အချိန် ခန့်မှန်းချက်

နိုဝင်ဘာလ ၁၃ရက်နေ့မှာ ရှမ်းပြည်နယ် ကချင်ပြည်နယ် စစ်ကိုင်းတိုင်း မန္တလေးတိုင်းတွေမှာ မိုးတွေရွာနိုင်ပါတယ်။ 

🕖 နံနက် ၇း၃၀ အချိန် ခန့်မှန်းချက်

 

မြက်ချိုနဲ့ ကန်ဇွန်းရိုးနီ စိုက်ထားကြသူတွေအတွက် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၉ရက်နေ့မှ ၁၃ရက်နေ့အတွင်း မိုးတွေရွာပါဦးမယ်🌧🌧🌧

🕔 နံနက် ၅း၅၀ အချိန် ခန့်မှန်းချက်

ဆောင်းလေညှင်းလေသည် 

 

ရှမ်းပြည်နယ် မန္တလေးတိုင်းအရှေ့ပိုင်း နေပြည်တော် ကယားပြည်နယ်နှင့် ဆွာ ရေတာရှည် တောင်ငူ သံတောင်ပြီးဒေသများသို့ ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာမိုးရွာနိုင်ပါသေးတယ်

🕔 နံနက် ၅း၀၅ အချိန် ခန့်မှန်းချက်

ဆောင်းလေညှင်းသည်

 

ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းမှ ဖောင်းပြင် ပင်လယ်ဘူး ဝန်းသို ကောလင်း ဗန်းမောက် အင်းတော်မဲဇာ ကသာ ထီးချိုင့် ချပ်သင်း ချပ်ကြီး ကျွန်းလှ သစ်ရာပင် ကန့်ဘလူဒေသများအထိ ရောက်ရှိလာကာ အေးမြနေပြီဖြစ်ပေမယ့် အဆိုပါဒေတွေမှာ နိုဝင်ဘာလ ၁၃ရက်နေ့တွင်မိုးရွာနိုင်ပါသေးတယ်။

🕓 နံနက် ၄း၅၆ အချိန် ခန့်မှန်းချက်

ရက်ကြိုခန့်မှန်းချက်မိုး 🌧🌧🌧

၂၀၂၁ နိုဝင်ဘာလ ၁၃ရက်နေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း အလယ်ပိုင်း ကချင်ပြည်နယ် မိုးညှင်းခရိုင် ဗန်းမော်ခရိုင် မြစ်ကြီးနားခရိုင် မိုးရွာသွန်းနိုင်ပါတယ်။

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 

                       &

 

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်