နိုဝင်ဘာ (၇) ရက်နေ့ စုစုစံ၏ မိုးလေဝသခန့်မှန်းချက်များစုစည်းမှု

07/11/2021 11:30 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕘 နံနက် ၉း၀၀ နာရီအချိန် ခန့်မှန်းချက်

၂၀၂၁ နိုဝင်ဘာလ ၈ရက်နေ့တွင် ရန်ကုန်တိုင်း ဧရာဝတီတိုင်း  ပဲခူးတိုင်း တွေမှာ မိုးရွာသွန်းနိုင်ပါတယ် ၉ရက်နေ့မှ ၁၁ရက်နေ့အတွင်းမှာတော့ နေသာချိန်များစွာရရှိနိုင်ပါတယ်။

🕔 နံနက် ၅း၃၀ အချိန် ခန့်မှန်းချက်

မိုးသတိ🌧🌧🌧

၂၀၂၁ နိုဝင်ဘာလ ၉ရက်နေ့ တွင် ရန်ကုန်တိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်၊ ပဲခူးတိုင်းမှ ပြည်ခရိုင် မကွေးတိုင်းမှ သရက်ခရိုင် နေပြည်တော် ရမည်းသင်း ဒေသများတွင် မိုးရွာနိုင်ပါတယ်

ရိပ်သိမ်းအခြောက်လှမ်းနေသူတွေ ယနေ့၇ရက်နေ့နှင့် ၈ရက်နေ့တွေမှာ အပြီးဆောင်ရွက်ကြပြီး အမိုးအကာအောက် လုံခြုံစွာရောက်ရှိအောင် အလေးထားဆောင်ရွက်လုပ်ကိုင်ကြပါ။

update- လေစီးပိုမိုမြန်ဆန်လာနေပါတယ် ဒါကြောင့် ဖော်ပြပါခန့်မှန်းချက်မှ ဒေသများတွင် မိုးရွာနိုင်မှုအခြေအနေမှာ ၉ရက်နေ့ထက်စော၍ ၈ရက်နေ့မှာတောင်မိုးရွာလာနိုင်ပါတယ်။

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 

                       &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်