🕗 နံနက် ၉း၅၅ အချိန် ခန့်မှန်းချက်
နောက်၂၄ နာရီအတွင်း ကြံခင်း၊ မြန်အောင်၊ ပြည်ခရိုင်၊ သရက်၊ အောင်လံ၊ နေပြည်တော်၊ တပ်ကုန်း၊ ရမည်းသင်း၊ ကလော၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းတွေမှာ မိုးရွာနိုင်ပါတယ်။ ရိတ်သိမ်းအခြောက်လှမ်းနေကြသူများ ပျက်စီးမှုမရှိစေရန် ပြုလုပ်ကာကွယ်ကြပါ။
🕗 နံနက် ၉း၁၀ အချိန် ခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်၊ ပင်လယ်အော်တောင်ပိုင်းတွင် လေဖိအားနည်းလေဝဲ 91B invest တစ်ခု ဖြစ်ပေါ်နေပါတယ်။ အနောက်မြောက်ဖက် အိန္ဒိယတောင်ပိုင်းကို ဦးတည်နေပေမယ့် လေစီးတွေက ယနေ့ 8/11/2021 နေတွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်းကို စီးမျောလာတဲ့ 850hpa winds မှ အဆိုပါဒေသတွေမိုးရွာနိုင်ပါတယ်။
🕗 နံနက် ၇း၃၅ အချိန် ခန့်မှန်းချက်
မိုးဦးစောမည်မြန်မာပြည် ၂၀၂၂
၂၀၂၂ ဧပြီလနောက်ဆုံးရက်သတ္တပတ်နဲ့ မေလအတွင်း ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာ့ကပ္ပလီပင်လယ်ပြင်တို့တွင် Depression မုန်တိုင်းငယ်လေးနှစ်ကြိမ်ဖြစ်နိုင်ပြီး မုတ်သုန်လေ စောစီးစွာဝင်ရောက်လာနိုင်ပါတယ်။
မေလမကုန်ခင် မြန်မာနိုင်ငံအလယ်ပိုင်းအထိ မုန်သုန်လေရောက်ရှိနိုင်ကာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာ ရွာသွန်းမြဲမိုးရေချိန်ထက် ပိုမိုရွာသွန်းနိုင်ပါတယ်။
မေလအတွင်း တနင်္သာရီတိုင်းကြီးတွင် ရွာသွန်းမြဲထက် ၃ ဆ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ၂ ဆ ပိုမိုရွာသွန်းနိုင်ပါကြောင်း ၆ လကြိုတင်ခန့်မှန်းပေးလိုက်ပါတယ်။
Su Su San
𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭
𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ