ဆန်ဈေး၊ ပဲဈေး အားလုံးနီးပါး ဈေးဆက်တက်

25/03/2022 16:00 PM တွင် AMIA AMIA မှ ရေးသား

 

ဆန်၊ စပါး

ဒီတစ်ပတ်ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးအချို့က အဝင်များလို့ ဈေးအနည်းငယ်ကျဆင်းသွားပြီး နယ်ဈေးကွက်မှာတော့ စပါးဈေးက  ဆက်တိုက်ဈေးတက်နေခဲ့ပါတယ်။ အဓိက သယ်ယူပို့ဆောင်စရိတ် စက်သုံးဆီစရိတ်တွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာတော့ အရောင်းအဝယ်က အေးနေပြီး အဝင်ကတော့ ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

စပါးဈေးက ပြီးခဲ့တဲ့လနဲ့ ယှဉ်ရင် တစ်လအတွင်း တင်း ၁၀၀ ကို  သိန်း ကနေ  သိန်း  သောင်းကြားဈေးတွေ မြင့်တက်လာပါတယ်။ ပြည်တွင်းဈေးကွက်မှာသာမက အာရှဈေးကွက်မှာပါ ဆန်ဈေးတွေ မြင့်တက်နေခဲ့တာဖြစ်ပါတယ်။ လာမယ့် စပါးပေါ်ချိန်မှာတော့ ဈေးကျဆင်းနိုင်မယ်လို့ ခန့်မှန်းထားပေမယ့် ယခုနှစ် စစ်ပြေးဒေသတွေမှာ စပါးစိုက်ပျိုးမှုလျော့ကျနိုင်လို့ ဈေးကတော့ အများကြီးကျဆင်းနိုင်ဖွယ်မရှိဘူးလို့ ကုန်သည်အများစုက မျှော်မှန်းထားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဆက်တိုက်ဈေးက မြင့်တက်နေပါတယ်။တရုတ်တင်ပို့မှုကတော့ ပုံမှန်ရှိနေပြီး မိုးရွာသွန်းမှုတွေကြောင့် ဈေးကွက်ထဲကို အဝင်နည်းပြီးဈေးတက်လာတာလို့သိရပါတယ်။ ပို့ကုန်ပဲ ဖြစ်တဲ့အတွက်ကြောင့် အခြားပြည်ပပို့ကုန်ပဲများနည်းတူ ဈေးက မြင့်လာတာလည်းဖြစ်ပါတယ်။ 

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဈေးတက်ပေမယ့် မတ်ပဲနဲ့ယှဉ်ရင် ပါးပါးလေးတက်လာပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း ပဲစင်းငုံနီဈေးက ကျဆင်းနေသလို ပြည်တွင်းမှာလည်း တင်ပို့ခွင့်အခြေအနေကြောင့်စောင့်ကြည့်နေကြလို့ ဝယ်ယူမှု အေးသွားတာလည်းဖြစ်ပါတယ်။ အိန္ဒိယက ပဲစင်းငုံနီကို မြန်မာနိုင်ငံအပြင် အခြားနိုင်ငံတွေကပါ တင်သွင်းမှု ပြုလုပ်နေတာဖြစ်လို့ မတ်ပဲလိုတော့ အတက်အကျမကြမ်းပါဘူး။

ဒါပေမယ့် အိန္ဒိယက ပဲစင်းငုံနီထွက်ရှိမှုနှုန်းလျော့ နည်းမယ်လို့ ပြီးခဲ့တဲ့ လကတည်းက ထုတ်ပြန်မှုကြောင့် ဈေးအေးနေပေမယ့် တက်ရိပ်တော့ရှိနေသေးတယ်လို့သိရပါတယ်။တင်ပို့မှုသက်တမ်းဆက်တိုးရင်တော့ ဈေးက ပြန်တက်နိုင်ခြေရှိတယ်လို့ ခန့်မှန်းထားပေမယ့် အများကြီးမျှော်လင့်လို့မရသေးတဲ့အခြေအနေလည်း ဖြစ်နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်