တစ်ပတ်အတွင်း ဆန်စျေးနှုန်းတင်ပြချက်

23/12/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်မြို့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းလမ်းကုန်စည်ဒိုင်ရဲ့ ယခုတစ်ပတ် ဆန်လက်ကားစျေးနှုန်းများအရ ဆန်ချော၊ ဆန်ကြမ်းစျေးနှုန်းများမှာ တည်ငြိမ်နေကြောင်း ဝါးတန်းလမ်းကုန်စည်ဒိုင်မှ သိရပါတယ်။

ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်စျေးနှုန်းမှာ ၃၈၀၀၀ကျပ်၊ လတ်စတစ်အိတ်မှာ ကျပ် ၃၇၀၀၀ ကျပ် ၊ (မြောင်းမြ၊ ပုသိမ်) ပေါ်ဆန်းဆန် ထိပ်စတစ်အိတ်မှာ ကျပ် ၄၂၀၀၀၊ လတ်စတစ်အိတ်မှာ ၄၀၀၀၀ ကျပ်၊  ဒေးဒရဲပေါ်ဆန်းဆန် ထိပ်စတစ်အိတ်စျေးနှုန်းမှာ ကျပ် ၃၈၀၀၀၊ လတ်စတစ်အိတ်မှာ ကျပ် ၃၆၀၀၀ ရှိပြီး တစ်ပတ်အတွင်း ဆန်ချောစျေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါတယ်။

ဧည့်မထမိုးဆန် ထိပ်စတစ်အိတ်ကို ကျပ် ၁၉၅၀၀၊ လတ်စတစ်အိတ်ကို ကျပ် ၁၉၃၀၀၊ ငစိန် ထိပ်စတစ်အိတ်ကို ကျပ် ၁၇၅၀၀၊ လတ်စ တစ်အိတ်ကို ကျပ် ၁၇၀၀၀ ရှိပြီး တစ်ပတ်အတွင်း ဆန်ကြမ်းစျေးနှုန်းများမှာ တည်ငြိမ်နေကြောင်းသိရပါတယ်။

မိုးသုခရှယ်တစ်အိတ် ကျပ် ၂၆၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၂၅၀၀၀ နဲ့ ပေါ်ဆန်းရှယ်ထိပ်စတစ်အိတ် ကျပ် ၄၀၀၀၀၊ လတ်စတစ်အိတ်ကို ၃၉၀၀၀ ကျပ် ရှိပြီး ဝါးတန်းလမ်းကုန်စည်ဒိုင်ကို ဆန်အဝင် ပုံမှန်ရှိနေကာ အရောင်းအဝယ်ပုံမှန်ရှိနေကြောင်း သိရပါတယ်။

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်