နို့အုံရောင်ရမ်းခြင်း ဘာကြောင့်ဖြစ်ရတာလဲ

28/11/2019 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

Milk fever သည် Calcium ဓာတ် မလုံလောက်မှုကြောင့်ဖြစ်သော ဇီဝကမ္မဗေဒလုပ်ငန်းဆိုင်ရာ ချို့ယွင်းမှုအရဖြစ်သည့် ရောဂါဖြစ်သည်။ Milk fever သည် အခြားသော ရောဂါများနှင့်လည်း ဆက်စပ်ဖြစ်ပွားနိုင်သည်။

ဖြစ်ပွားရသည့်အကြောင်းအရင်း

ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလ၊ မွေးဖွားခြင်း၊ နို့ဦးရည်ထုတ်လုပ်ခြင်း၊ နို့ဦးရည်ထုတ်ခြင်းနှင့် နို့ပေးကာလအစောပိုင်း စသည်တို့ကြောင့် Calcium လိုအပ်ချက်မြင့်လာပါသည်။ သို့သော် ထိုအချိန်တွင် နွားမသည် ၎င်း၏ အရိုးမှ Calcium ကိုပြောင်းလဲသုံးစွဲနိုင်စွမ်းနှင့် အစာမှရရှိသည့် Calcium ကို ကောင်းစွာစုပ်ယူနိုင်စွမ်း စသည့်တို့ လျော့နည်းနေချိန်လည်းဖြစ်သည်။ တချို့နွားများသည် လိုအပ်တဲ့ Calcium ဓာတ်ကို လုံလုံလောက်လောက်ပြန်အစားမထိုးနိုင်ဘဲ Milk Fever ဖြစ်လာပါသည်။ အထူးသဖြင့် ထုတ်လုပ်မှုမြင့်တဲ့ နွားများတွင် ပိုအဖြစ်များပါသည်။

Milk Fever ကို မွေးခါနီးနှင့် မွေးပြီး ၃ ရက်ပတ်လည်ခန့်တွင် တွေ့ရများသည်။ သို့သော် နွားမ၏ နို့ပေးနိုင်မှုအရ အစာကျွေးမှုစနစ်နှင့် ဖြည့်စွက်ဓာတ်ကျွေးမှုပေါ် မူတည်ပြီး အခြားသောအချိန်များတွင်လည်း ဖြစ်တတ်ပါတယ်။

မတမ်းများထက် သားမွေးများသည့် နွားမကြီးများတွင် ပိုအဖြစ်များသည်။ နွားမကြီးများသည် နို့ပိုထုတ်ရခြင်း၊ အသက်အရွယ်အရ သွေးတွင်း Calcium ကို လျှင်မြန်စွာ အစားထိုးနိုင်မှုအားနည်းခြင်း စသည်တို့ကြောင့်ဖြစ်သည်။

ရောဂါလက္ခဏာများ

အဆင့် ()

- အစာစားနှုန်းကျခြင်း

- ဂနာမငြိမ်ခြင်း၊ တုံပြန်မှုမြန်ခြင်း

- အားနည်းလာခြင်း

- လမ်းလျှောက်ရာတွင် နောက်ခြေများယိုင်လာခြင်း

အဆင့် ()

- ခေါင်းစင်းလာခြင်း (သို့) ခေါင်းကိုခန္ဓာကိုယ်၏ ဘေးဘက်သို့လှည့်နေခြင်း (S ပုံစံလှည့်နေခြင်း)

- နားရွက်ဖျားများ အေးစက်နေခြင်း

- နှာခေါင်းဖျားများ ခြောက်နေခြင်း

- လှမ်းလျှောက်ရာတွင် ဟန်ချက်မညီခြင်း

- ကြွက်သားများတုန်ခြင်း

- ဝမ်းချုပ်၊ ဆီးချုပ်ခြင်း၊ သာမန်ထက်အပူချိန်ကျခြင်း

အဆင့် ()

- မထနိုင်ဘဲလှဲနေခြင်း၊ အာရုံခံစားမှုအားနည်းလာခြင်း၊

- နှလုံးခုန်နှုန်းမြန်လာခြင်း၊ နှလုံးခုန်သံတိုးလာခြင်း။

ကုသခြင်း

Milk fever ဖြစ်နေသောနွားသည် ကုသမှုမရှိလျှင် သေဆုံးနိုင်သည့်အတွက် ကုသမှုကို မြန်နိုင်သမျှ မြန်မြန်ပေးရမည်။ Calcium (calcium gluconate, calcium borogluconate. . .) ထောက်ပံ့မှုပေးရမည်။

ရောဂါ ပြင်းထန်မှုအခြေအနေပေါ်မူတည်၍ Calcium ကို

- ပါးစပ်မှပေးခြင်း (Oral treatement)

- အရေပြားအောက်သို့ပေးသွင်းခြင်း (Subcutaneous administration)

- သွေးကြောထဲသို့ပေးသွင်းခြင်း (Intravenous injection) စသည်ဖြင့်ပေးနိုင်ပါသည်။

သွေးကြောထဲသို့ပေးသွင်းရာတွင် သွေးခုန်နှုန်း/နှလုံးခုန်နှုန်းနှင့် ဆက်စပ်မှုရှိသောကြောင့် တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် ကုသသင့်သည်။ Magnesium သည်လည်း Calcium ထုတ်လုပ်မှုတွင် အရေးပါသည်။

ကာကွယ်ခြင်း

နွား၏ ခန္ဓာကိုယ်အနေအထားသည် မဝလွန်း မပိန်လွန်းဖြစ်ရပါမည်။ ဝသောနွားသည် milk fever ဖြစ်နိုင်ခြေပိုများသည်။

နို့ပေးကာလတွင် နွားနို့ထုတ်ပေးနေရသောကြောင့် အစာမှ Calcium လုံလောက်စွာမရခြင်းကို ကာမိစေရန်အတွက် Di-calcium phosphate (DCP) ကို အစာတွင် ထည့်ကျွေးရသော်လည်း နို့နားကာလတွင် DCP ကိုမကျွေးရပါ။ နို့နားကာလတွင် နို့ထုတ်လုပ်ခြင်းမရှိသောကြောင့် Calcium လိုအပ်ချက်သည် နို့ပေးကာလလောက်မလိုအပ်ပေ။

နို့နားကာလတွင် DCP ကျွေးလျှင် ရရှိသည့် Calcium သည် လိုအပ်ချက်ထက်များနေသောအခါ အူမှ Calcium စုပ်ယူမှုနှင့် ကိုယ်တွင်း Calcium ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လှုံ့ဆော်မှု အားနည်းသွားသည်။ နို့နားကာလမှ နွားကလေးမွေးပြီး နို့ပေးကာလသို့ ရုတ်ချည်းကူးပြောင်းချိန်တွင် ထိုအချက်သည် ထိခိုက်မှုဖြစ်စေသည်။

အကယ်၍ နွား၏ ခန္ဓာကိုယ်အခြေအနေနှင့် နို့ထွက်နှုန်းမြင့်စေချင်လျှင် နွားအဝလွန်တာလည်း မဖြစ်စေရန် energy ကိုအခြေခံပြီး ကျွေးရမည်။

နွားကလေးမွေးပြီးပြီးချင်းနှင့် နောက်ပိုင်းချိန်များတွင် Calcium feed supplements (DCP) ပေးခြင်းဖြင့် အထောက်အကူဖြစ်စေသည်။ (ထိုအချိန်များမတိုင်ခင် စောစွာမပေးရပါ။ နို့နားကာလတွင် မပေးရပါ။ အစာကျွေးမှုကိုကောင်းစွာစီမံပါ။)

Source - MDEP


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်