အစိမ်းရောင်လမ်းရဲ့ “ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေးကနေ ကြိုဆိုလိုက်ပါတယ် ခင်ဗျ။ ကျွန်တော်တို့ အစီစဥ်ရဲ့ ပထမဆုံး အနေနဲ့ အိုင်စီတီ အကြောင်းကို တောင်သူဦးကြီးတွေ သိရအောင် စတင်မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ် ခင်ဗျ။
ICT (အိုင်စီတီ) ကို သတင်းနှင့်ဆက်သွယ်ရေးနည်းပညာ လို့ ခေါ်ဆိုနိုင်ပါတယ် ခင်ဗျ။
ဒီနည်းပညာကို အသုံးချ ပြုလုပ်ထားတဲ့ နည်းပညာများ၊ ကိရိယာများ နှင့် ဆော့ဖ်ဝဲများကိုလည်း အိုင်စီတီလို့ ခေါ်ဝေါ် အသုံးပြု ကြပါတယ် ခင်ဗျ။
အခုခေတ်လို ဒစ်ဂျစ်တယ်ကိရိယာတွေကို ပိုပြီး မှီခိုလာတဲ့ အချိန်မှာ အိုင်စီတီနည်းပညာဟာ လူတွေရဲ့ နေ့စဉ်ဘဝမှာ ပိုပြီး အရေးပါလာပါတယ်။
တစ်ကယ်တော့ အိုင်စီတီ ဆိုတာ ဦးလေးတို့ ဒေါ်လေးတို့နဲ့ အလှမ်းဝေးတဲ့ အရာ မဟုတ်ပါဘူးနော်။ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ပစ္စည်းတွေထဲမှာကိုပဲ ရှိနေပါတယ်။
ဥပမာအနေနဲ့ လိုင်းဖွင့်တာ,, Facebook သုံးတာ, ဖုန်းခေါ်တာ စတာတွေဟာ အိုင်စီတီနည်းပညာ အခြေခံတဲ့ ဝန်ဆောင်မှု ပစ္စည်းကိရိယာတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ တောင်သူ ဦးကြီးဒေါ်ကြီးတွေလည်း ဖုန်းထဲက အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်ကို ဖွင့်ပြီး စိုက်ပျိုးရေး နည်းပညာတွေ၊ အခက်အခဲတွေ၊ သိချင်တာတွေကို မေးမြန်းဆွေးနွေး လေ့လာနေတာဟာဆိုရင်ဖြင့် အိုင်စီတီကို အကျိုးရှိစွာ အသုံးချနေတာပဲ ဖြစ်ပါတယ် ခင်ဗျ။ ဒါဆိုရင် ဦးလေးတို့ ဒေါ်လေးတို့တွေ အနေနဲ့ အိုင်စီတီကို အခြေခံလောက်တော့ နားလည်သွားမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။
Source: Wikipedia
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ