ဘယ်အချိန်မှာ မြေဆွေးဖြစ်ပြီလို့ ပြောလို့ရလဲ

28/08/2019 20:30 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   ကိုယ်ပုံတဲ့ ပစ္စည်းတွေရယ်၊ အဲ့ပစ္စည်းတွေရဲ့ အရွယ်အစားတွေပေါ်မှာ မူတည်ပြီးတော့ (၁) လကနေ (၁၂) လအထိကြာနိုင်ပါတယ်။ မြေဆွေးပုံက ကောင်းကောင်းဆွေးပြီဆိုရင်တော့ အောက်မှာပြောထားတဲ့အချက်အလက်တွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။

၁) စစချင်းပုံထားတဲ့ အပုံအရွယ်အစားကနေ ထက်ဝက်လောက်ပဲ ကျန်တော့တဲ့အချိန်ဆိုရင်တော့ မြေဆွေးက ကောင်းကောင်းဆွေးနေတယ်ဆိုတာကို တွေ့ရမှာပါ။

၂) စစချင်းထည့်ထားတဲ့ ဂေါ်ဖီဖတ်တွေဆိုတာကို ဂေါ်ဖီထုတ်မှန်းမသိတော့တဲ့အခြေအနေ ဖြစ်သွားတယ်။ ဘာထည့်လို့ထည့်ထားမှန် မသိရတော့ဘူးဆိုရင်တော့ မြေဆွေးက ကောင်းကောင်းဆွေးနေတယ်လို့ ယူဆနိုင်ပါတယ်။ 

၃) အပူချိန်ကလည်း ထပ်ပြီးတော့ မတက်လာတော့ဘူး။ ငြိမ်သွားတယ်ဆိုရင်တော့ အပူချိန်ကလည်း မကစားတော့ဘူးဆိုရင်တော့ မြေဆွေးက ကောင်းနေပါပြီ

၄) နောက်ပြီးတော့ မြေဆွေးအရောင်က မဲပြီးတော့ တကယ့်ကိုမြေကြီးနံ့ပဲ ထွက်နေတယ်ဆိုရင် မြေဆွေးအဖြစ် အသုံးချလို့ရတဲ့အခြေအနေဖြစ်ပါတယ်။ 

   တကယ်လို့များ မြေဆွေးက ကောင်းကောင်းမဆွေးသေးဘူးဆိုရင်တော့ လုပ်ပေးသင့်တာ လုပ်ပေးရမယ်။ အချိန်ထပ်ထားလိုက်တာကိုပြောတာပါ။ ကျန်တာတော့ မဟုတ်ပါဘူး၊ ရေလောင်းပေးမယ် အရမ်းမစိုအောင်လောင်းပေးပြီး နောက်ထပ်ထားလိုက်တာပါပဲ။ 

   စစချင်းသုံးမယ်ဆိုရင် မကျေပျက်နိုင်တဲ့အရာတွေ ပြောင်းရိုးလိုမျိုးတွေက ပါနိုင်ပါသေးတယ်။ အဲ့ဒါတွေကိုကျတော့ ကွင်းထဲကို ဒီတိုင်းမထည့်လိုက်ပဲနဲ့ ဇကာနဲ့စစ်ထားဖို့ လိုပါလိမ့်မယ်။ ကောင်းကောင်းဆွေးတဲ့ မြေဆွေးတွေကိုပဲ ယူလိုက်တာကတော့ အကောင်းဆုံးပါ။ ဖယ်ထားတဲ့အရာတွေကိုတော့ နောက်ထပ်မြေဆွေးလုပ်တဲ့အချိန်မှာ ပြန်ပြီးတော့သုံးလိုက်ရင် အကောင်းဆုံးဖြစ်ပါတယ်။ 

   စမ်းကြည့်ချင်တယ်ဆိုရင်တော့ အိုးထဲကို မြေဆွေးလေးထည့် မုန်လာဥဖြူကို အစေ့ဖြစ်ဖြစ်၊ တစ်ခြား အပင်ပေါက်နိုင်တဲ့ အစိတ်အပိုင်းဖြစ်ဖြစ် ထည့်စိုက်ထားလိုက်၊ ၄ ပင်မှာ ၃ ပင်ပေါက်လာတယ်ဆိုရင် မြေဆွေးက ကောင်းကောင်းကိုဆွေးလာပြီလို့ သက်သေပြလို့ရပါတယ်။ ဒါမျိုးက တောင်သူတွေက လုပ်တော့မလုပ်ကြည့်ကြပါဘူး။ လုပ်ကြည့်လိုက်ရင်တော့ သေချာတာကို သိရတာပေါ့။

ထွန်းဝင်းကျော်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်