စက်တင်ဘာ လဆန်းပိုင်းတွင် ဘွက်ကြီးဆည် အနောက်ဘက်ခြမ်း တာဘောင်မြေသား နိမ့်ကျမှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၁၆ ရက် ညပိုင်းက ယခင်မြေသားနိမ့်ကျထားသည့် နေရာအထက်ရှိ မြေသားများ ထပ်မံနိမ့်ကျခဲ့သဖြင့် ဆည်အောက်ရှိ ဒေသခံများ စိုးရိမ်မှု မြင့်တက်လာကာ ကျေးရွာအချို့မှာ ကုန်းမြင့်များပေါ်သို့ ရွာလုံးကျွတ် ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
" ထပ်နိမ့်ကျသွားတဲ့ နေရာက တစ်နေ့ကတုန်းက ပက်ကြားအပ်လေးပဲ ဖြစ်နေတာ။ မနေ့ညလောက်ကမှ မြေသားအရှည် ပေ ၆၀ လောက်က အောက်ကို နှစ်ပေလောက် ထပ်နိမ့်ကျသွားတာ။ ဆည်ကလည်း ရေပိုလွဲက ရေကျော်ကျနေပါသေးတယ်။ ဒီလိုဖြစ်တာကြောင့် ဆည်အောက် အချို့ရွာတွေ ပြောင်းတာ ရွေ့တာတွေ လုပ်နေကြတယ်" ဟု ဒါန်းဒေါင့်ကျေးရွာ အုပ်ချူပ်ရေးမှူးဉီးတင်ကြိုင်က ပြောကြားသည်။
သတင်း အပြည့်အစုံ ဖတ်ရန်............
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်