မြန်မာ့ငရုတ်သီးအစို ဝယ်ယူသွားမည်

03/04/2020 19:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ယခုလဆန်းပိုင်းအတွင်း မြန်မာ့ငရုတ်သီးအစိုကို ဝယ်ယူသွားမှာဖြစ်ကြောင်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးကို တရုတ်နိုင်ငံက တင်ပို့သွားမှာဖြစ်ပြီး ငရုတ်အစိုကို ဝယ်ယူသွားမှာဖြစ်တယ်လို့ မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ ဥက္ကဌဒေါ်ဥမ္မာကျော်ကပြောပါတယ်။

မြန်မာ့ငရုတ်သီးအစိုကို လိုက်လံဝယ်ယူသွားမယ်။ အဆင့်သင့်ဖြစ်ပြီးသားနဲ့ အရည်အသွေးကောင်းတဲ့ ငရုတ်တွေကိုသာ ရွေးချယ်ဝယ်ယူသွားမှာပါ။ လမ်းပန်းဆက်သွယ်ရေးအခြေအနေပေါ် မူတည်ပြီးတော့ တင်ပို့သွားမှာပါ

မြန်မာ့ငရုတ်သီးအစိုကို ဧရာဝတီတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ လိုက်လံဝယ်ယူသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

မြန်မာ့ငရုတ်သီးကို တရုတ်နိုင်ငံကိုတင်ပို့သွားမှာဖြစ်ကြောင်းလည်း မြန်မာ့ငရုတ်သီးဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်