မြန်မာ့ထုတ်ကုန်တစ်ခုဖြစ်သည့် ဖရုံယိုလုပ်ငန်းများမှာ တစ်နှစ်ပတ်လည်လုံး စျေးကွက်ကောင်းမွန်နေကြောင်း ကိုယ်တိုင်ထုတ်လုပ်သူများထံမှ သိရသည်။
စျေးကွက်ကတော့ ရာသီချိန်ပေါ်မူတည်ပြီး ပွင့်လင်းရာသီဆို ပိုရောင်းကောင်းတယ်။ သူ့ဟာနဲ့သူ အလုပ်ဖြစ်ပါတယ်။ ရောင်းမကောင်းဘူးဆိုတာ အတော်ကို ရှားပါတယ်။'
ဟု မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာအုပ်စု၊ စမ်းချောင်းကျေးရွာရှိ ပိုပို ဖရုံယိုလုပ်ငန်းမှ တာဝန်ခံတစ်ဦးက ပြောသည်။
ဖရုံယိုစက်များမှ ထုတ်လုပ်နေသည့် ဖရုံယိုများကို ရန်ကုန်မြို့ လမ်းမတော်သံစျေးရှိ ဝယ်လက်များသို့ တင်ပို့ရောင်းချပြီး ဝယ်လက်များမှတဆင့် တစ်နိုင်ငံလုံးသို့ ပြန်လည် ဖြန့်ဖြူးနေသည်။
ချက်တဲ့လူ မကျွမ်းကျင်တဲ့အခါ ဖရုံယို အသားမလှတာ၊ ဖရုံယို အရောင်ညိုတာ ဖြစ်တတ်တယ်။ ဒီလိုဆိုမှသာ စျေးကောင်းမရတာပါ။
ဟု ၄င်းက ဆက်လက်ပြောသည်။
စျေးကွက်တွင်း၌ ဖရုံယို အရည်အသွေးကောင်း တစ်ပိဿာလျှင် ၃၀၀၀ ကျပ်၊ ဖရုံယို အကျိုးနှင့် ရောရာ တစ်ပိဿာလျှင် ၂၅၀၀ ကျပ် စျေးနှုန်းဖြင့် ရောင်းချနေကြောင်း သိရသည်။
နန်းထက်ထက်ချစ်(ABM)
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ