အမ် လမ်ဒါ ၂.၅ အီးစီ
English Name : M-Lambda 2.5 EC
Registration No : 2015-2399
အင်းဆက်ပိုးသတ်ဆေး
သုံးစွဲရန်အညွှန်း
အောက်ပါနှုန်းထားများအတိုင်း ရေနှင့် ရောစပ်၍(၁)ဧကလျှင် ရောစပ်ပြီးဆေးရည်၊(၃၀-၄၀)ဂါလံနှုန်းအသုံးပြုပါ။ ဖျက်ပိုးတွေ့လျှင်တွေ့ခြင်း (၇-၁၄)ရက်ခြားတစ်ကြိမ်ဖျန်းပေးပါ။ သီးနှံတစ်ရာသီအတွင်း (၃) ကြိမ်ထက်ပိုမဖျန်းရ။
(၁) သီးနှံ - မြေပဲ၊ ပဲမျိုးစုံ
ဖျက်ပိုး - ပျ၊ သီးတောင့်ထိုးပိုး၊ ငမြှောင်တောင်၊ သရစ်လှေးပိုး၊ ရွက်ထွင်းရွက်ကပ်ပိုး
တစ်ဧကဆေးနှုန်းထား - (၁၀၀-၁၅၀)စီစီ
ဆေးဖျန်းပြီးသီးနှံရိတ်သိမ်းရမည့်ရက် - ၃ ရက်
(၂) သီးနှံ - ဝါ
ဖျက်ပိုး -သီးလုံးဖောက်ပိုး၊ ပျ၊ ဖြုတ်စိမ်း
တစ်ဧကဆေးနှုန်းထား - (၁၀၀-၁၅၀)စီစီ
ဆေးဖျန်းပြီးသီးနှံရိတ်သိမ်းရမည့်ရက် - ၈ ရက်
(၃) သီးနှံ - သစ်သီးဝလံ ဉယျဉ်ခြံသီးနှံ
ဖျက်ပိုး - ပျ၊ သရစ်လှေးပိုး၊ အညွန့်ထိုးပိုး၊
တစ်ဧကဆေးနှုန်းထား - (၁၀၀-၁၅၀)စီစီ
ဆေးဖျန်းပြီးသီးနှံရိတ်သိမ်းရမည့်ရက် - ၇ ရက်
(၄) သီးနှံ - နှမ်း
ဖျက်ပိုး - သီးလုံးဖောက်ပိုး၊ ပျ၊ ဖြုတ်စိမ်း၊ ငမြှောင်တောင်
တစ်ဧကဆေးနှုန်းထား - (၁၀၀-၁၂၀)စီစီ
ဆေးဖျန်းပြီးသီးနှံရိတ်သိမ်းရမည့်ရက် - ၃ ရက်
(၅) သီးနှံ - ငရုတ်
ဖျက်ပိုး - ပျ၊ သီးထိုးယင်၊ သီးလုံးဖောက်ပိုး၊ မွှားပင့်ကူ
တစ်ဧကဆေးနှုန်းထား - (၁၀၀-၁၂၀)စီစီ
ဆေးဖျန်းပြီးသီးနှံရိတ်သိမ်းရမည့်ရက် - ၈ ရက်
(၆) သီးနှံ - ဟင်းသီးဟင်းရွက်
ဖျက်ပိုး - ပျ၊ သီးထိုးပိုး၊ ငမြှောင်တောင်၊ စိန်ကွက်ဖလံဖြတ်ပိုးများ၊ မွှားပင့်ကူ
တစ်ဧကဆေးနှုန်းထား - (၁၀၀-၁၂၀)စီစီ
ဆေးဖျန်းပြီးသီးနှံရိတ်သိမ်းရမည့်ရက် - ၈ ရက်
သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း
အေး၍ခြောက်သွေ့သောနေရာတွင်လူ၊ တိရစ္ဆာန်အစားအစာများနှင့်မီးနှင့်ဝေးရာ၌သော့ခတ်သိမ်းဆည်းပါ။ ဆေးပုံးအခွံများကို မြစ်ချောင်းများ၊ရေမြောင်းများအတွင်းမစွန့်ပစ်ဆေးပုံးအခွံများကို ပြန်လည်အသုံးမပြုရဖျက်ဆီး၍မြေမြုပ်ပစ်ပါ။ မီးမရှိရ။
ပိုးသတ်ဆေးန္တရာယ်ကြိုတင်ကာကွယ်ခြင်း
အကာအကွယ်ဝတ်စုံ(မျက်မှန်၊ နှာခေါင်းကာ၊ ပါးစပ်စည်း၊လည်ရှည်ဖိနပ် လက်အိတ်နှင့်အပခံအပေါ်ရုံဝတ်စုံ) ကိုဝတ်ဆင်ပြီးမှသာဆေးကိုင်တွယ်ပါ။ ဆေးကိုင်တွယ်စဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်းမပြုရ၊ လေထန်၍ဆေးမဖျန်းရ၊ ရေတွင်းရေကန်များအနီးတွင် ဆေးမရန်း၊ ဆေးဖျန်းပြီးပါကအကာအကွယ်ဝတ်စုံကိုဆပ်ပြာနှင့် ရေများများဖြင့် လျှော်ဖွတ်ပြီးနေလှမ်းပါ။
ရှေးဦးသူနာပြုစုကုသခြင်း ၊
အရေပြားပေါ်ထိမိပါကဆပ်ပြာနှင့် ရေများများဖြင့်ဆေးကြောပါ။မျက်စိအတွင်းဆေးဝင်ပါကရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဆိပ်သင့်သောလူနာအားလေကောင်းလေသန့် ရရှိသောနေရာတွင် ရွှေ့ပြောင်းထားပေးပါ။ ဆေးမျိုချမိလျှင်လူနာအားဆရာဝန်ထံချက်ခြင်းပြီးဆေးကုသမှုခံယူပါ။