အမ် စပိုင် ၂၀% ဒဗလျူပီ

English Name : M-SPY 20% WP
Registration No : 2016-3015
စပါးရွေးချယ်ပေါင်းသတ်ဆေး

သုံးစွဲရန်အညွှန်း

သီးနှံ - စပါး၊ ရေသွင်းစိုက်စပါး၊(သို့) လယ်စပါး

ပေါင်းပင် - မြက်မုန်ညင်းစိမ်း၊ မြက်မုန်ညင်းဝါ၊ ဘဲစာမြက်၊ ဒေါင်းမြီးပျံ၊ ကာချေသည်မြက်၊ သမန်းမြက်၊ ဝက်လာ၊ ပိတောက်ဆက်၊ ပေါင်းလေးညင်း၊ လယ်ပဒူ၊ မှိုနတို

တစ်ဧကဆေးနှုန်းထား - (၅၀-၁၀၀) ဂရမ်

သုံးစွဲရမည့်အချိန် - စတင်မစိုက်ပျိုးမီ ပေါင်းပင်အမြင့် ၄ စင်တီမီတာ(၄ လက်မခွဲ) တင်သုံးစွဲပါ။ မျိုးစေ့ချစိုက်ပျိုးပြီး (၁၅-၂၅)ရက်အတွင်းသုံးစွဲရန်

 

ပိုးသတ်ဆေးအန္တရယ် ကြိုတင်ကာကွယ်ခြင်း

ပါးစပ် မျက်စိ၊ နှာခေါင်း၊ အသားအရေနှင့် အဝတ်အစားများကိုဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဉ်ဆေးလိပ်မသောက်ရပါ၊ အစာမစားရ။ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ရေနှင့် အစားအစာများမစားသောက်မီမျက်နှာနှင့်လက်များကို ဆပ်ပြာသုံး၍ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက်ရေချိုး၍အဝတ်လဲပါ။

ရှေးဦးသူနာပြုစုကုသခြင်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့် ရရှိသောနေရာတွင် ရွှေ့ပြောင်းထားပါ။ အသားအရေကိုဆေးထိပေလျှင် ဆပ်ပြာသုံး၍ရေများများဖြင့်ဆေးကြောပစ်ပါ။ မျက်စိအတွင်းဆေးဝင်လျှင်ရေကောင်းရေသန်များဖြင့်ဆေးကြောပါ။ အဝတ်အစားများအားဆေးထိပေလျှင် ဆေးထိပေသောနေရာမှခန္ဓာကိုယ်အားဖြင့်ဆေးကြော၍အဝတ်လဲပစ်ပါ။ ဆေးမျိုချမိလျှင်လူနာအား ဆရာဝန်ထံသို့ ချက်ချင်းပို့ပြီးဆေးကုသမှုခံယူပါ။လူနာမေ့နေလျှင် ဆရာဝန်ညွှန်ကြားချက်မရှိပဲအော့အန်အောင်မလုပ်ရ၊ တိကျသာဖြေဆေးမရှိပါ။အဆိပ်သင့်သောလက္ခဏာပေါ်မူတည်၍ကုသရန်ဖြစ်သည်

အခြားသက်ရှိများအားအဆိပ်သင့်မှု

ငါးနှင့်ပျားများအားအဆိပ်သင့်စေနိုင်ပါသည်။

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း၊

ကလေးများလက်လှမ်းမမီသာနေရာတွင် သော့ခတ်သိမ်းဆည်းပါ။ အိမ်မွေးတိရစ္ဆာန်များနှင့် မီးတို့ ကင်းလွတ်ရာတွင်သိုလှောင်ပါ။ ဆေးပုံးအခွံများကိုမြစ်ချောင်းများ၊ ရေမြောင်းများအတွင်းစွန့်ပစ်ရများကိုပြန်လည်အသုံးမပြုရဖျက်ဆီး၍မြေမြှုပ်ပစ်ပါ မီးရှို့ပါနှင့်။