ပရိုဖက်(စ်) ၅၀ အီးစီ
English Name : Profex
Registration No : 2014-2056
ရေဖျော်ဆေးရည် (အင်းဆက်ပိုးသတ်ဆေး)
သုံးစွဲရန်အညွှန်း
(၁)သီးနှံအမည်- စပါး ၊ဂျုံ ၊ပြောင်း၊ဝါ
ပိုးမွှားကျရောက်မှု- ငမြှောင်တောင် ၊သီးလုံးဖောက်ပိုး ၊ရွက်စားိုး၊စုပ်စားပိုး၊မွှားပင့်ကူ၊ပျ ၊ဖြုတ်၊လှေးပိုး
တစ်ဧက နှုန်းတား (စီစီ)-၂၀၀-၇၀၀
(၂)သီးနှံအမည်- ပဲမျိုးစုံ၊မြေပဲ ၊နှမ်း
ပိုးမွှားကျရောက်မှု- ငမြှောင်တောင် ၊သီးလုံးဖောက်ပိုး ၊ရွက်စားိုး၊စုပ်စားပိုး၊မွှားပင့်ကူ၊ပျ ၊ဖြုတ်၊လှေးပိုးပင်ဖြတ်ပိုး၊ရွက်စားခူများ
တစ်ဧက နှုန်းတား (စီစီ)- ၂၀၀-၇၀၀
(၃)သီးနှံအမည်- အာလူး၊ခရမ်းချဉ်၊ကြက်သွန်ဖြူ/နီ ၊ငရုတ်၊ဟင်းသီးဟင်းရွက်နှင့်ပန်းမန်များ
ပိုးမွှားကျရောက်မှု- ငမြှောင်တောင် ၊သီးလုံးဖောက်ပိုး ၊ရွက်စားိုး၊စုပ်စားပိုး၊မွှားပင့်ကူ၊ပျ ၊ဖြုတ်၊လှေးပိုး၊ရွက်ထွင်းပိုး၊ထွာကောင်စိမ်း ၊ပင်ဖြတ်ပိုး။
တစ်ဧက နှုန်းတား (စီစီ)-၂၀၀-၇၀၀
(၄)သီးနှံအမည်- လိမ္မော်၊ရှောက် ၊သံပုရာ၊သရက်
ပိုးမွှားကျရောက်မှု- ပျ၊မွှားပင့်ကူ၊ရွက်ထွင်းပိုးများ၊ငမြောင်တောင်၊သီးလုံးဖောက်ပိုး၊ဖြုတ်၊လှေးပိုး၊အကြေးပိုး။
တစ်ဧက နှုန်းတား (စီစီ)-၅၀၀-၁၅၀၀
ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း
ပါးစပ်၊မျက်စိ၊နှာခေါင်းအသားအရေနှင့် အဝတ်အစားများကို ဆေးမထိစေရပါ။ ဆေးကိုင်တွယ်စဉ်ဆေးလိပ်မသောက်ရ၊အစားမစားရ။ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ရေနှင့် အစားအစာများ မစားသောက်မီ မျက်နှာနှင့် လက်များကို ဆပ်ပြာသုံး၍ဆေးကြောပါ။ဆေးကိုင်တွယ်ပြီးနောက်ရေချိုး၍အဝတ်လဲပါ။
ရှေးဦးသူနာပြုစုကုသနည်း
အဆိပ်သင့်သောလူနာအားလကောင်းလေသန့်ရရှိသောနေရာတွင်ရွေ့ပြောင်းထားပေးပါ။ အသားအရေကိုဆေးထိပေလျှင်ဆပ်ပြာသုံး၍ရေများများဖြင့်ဆေးကြောပစ်ပါ။ မျက်စိအတွင်းဆေးဝင်လျှင်ရေကောင်းရေသန့်များဖြင့်ဆေးကြောပါ။ အဝတ်အစားများအားဆေးထိပေလျှင်ဆေးထိသောနေရာမှခန္ဓာကိုယ်အား ရေဖြင့်ဆေးကြော၍အဝတ်လဲပစ်ပါ။ ဆေးမျိုးချမိလျှင်လူနာအား ဆရာဝန်ထံချက်ချင်းပို့ပြီးဆေးကုသမှုခံယူပါ။
သိုလှောင်ခြင်းနှင့် စွန့်ပစ်နည်း
ကလေးများလက်လှမ်းမမီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။ အိမ်မွေးတိရစ္ဆာန်များနှင့်မီးတို့ ကင်းလွတ်ရာတွင် သိုလှောင်ပါ။ ဆေးပုံးအခွံများကိုမြစ်ချောင်းများ၊ ရေမြောင်းများ အတွင်း၊စွန့်မပစ်ရ။ ဆေးပုံးအခွံများကို ပြန်လည်အသုံးမပြုရဖျက်ဆီး၍မြေမြုပ်ပစ်ပါ၊ မီးမရှိပါနှင့်။