မာလာမြိုင်ဆိုက်ပါ ၁၀% အီးစီ

English Name : MLM Cyper 10% EC
Registration No : F2017-1348
ထိသေစားသေ အင်းဆက်ပိုးသတ်ဆေး

**ဆေးဖြန်းပြီး (၁၄)ရက်ကျော်လွန်းမှသာ ခူးဆွတ်ရိတ်သိမ်းပါ။**

 

သီးနှံ- ဝါ

ဖျက်ပိုး- သီးလုံးဖောက်ပိုးများ၊ထွာကောင်စိမ်း၊စုပ်စားပိုးများ၊ရွက်စားပိုးများ၊ပိုးနဂါး၊ခါးတွန့်ဘောက်ဖတ်၊လှေးပိုး။

တစ်ဧက သုံးစွဲရန် အညွှန်း- ၂၀၀-၃၀၀ စီစီ

 

သီးနှံ- ပဲမျိုးစုံ၊ပြောင်းဖူး

ဖျက်ပိုး- သီးလုံးဖောက်ပိုး၊ခူမွှေးရှည်၊ထွာကောင်စိမ်း၊ငမြှောင်တောင်၊ပိုးနဂါး၊ရွက်စားပိုးများ။

တစ်ဧက သုံးစွဲရန် အညွှန်း-၂၀၀-၂၅၀ စီစီ

 

သီးနှံ- အာလူး၊ခရမ်းချဉ်၊ကော်ဖီ

ဖျက်ပိုး- သိးထိုးပိုး၊ကျိုင်းဖြတ်ပိုး၊ပိုးနဂါး၊ရွက်စားပိုး။

တစ်ဧက သုံးစွဲရန် အညွှန်း-၂၅၀-၃၀၀ စီစီ

 

သီးနှံ- မုန်ညင်း၊မုန်လာထုပ်၊အခြားဟင်းသီးဟင်းရွက်။

ဖျက်ပိုး- စိန်ကွက်ဖလံ၊ပျ၊ယင်ဖြူ၊လှေး၊ကျိုင်း၊ပိုးနဂါး၊ခါးတွန်ပင်ဖြတ်ပိုး၊

တစ်ဧက သုံးစွဲရန် အညွှန်း-၂၅၀-၃၀၀ စီစီ

 

သီးနှံ-သစ်သီးဝလံ ၊ပန်းပင်များ  

ဖျက်ပိုး- အင်းဆက်ဖျက်ပိုးများ၊ကေျာရိုးမဲ့

တစ်ဧက သုံးစွဲရန် အညွှန်း-၁၀၀ စီစီ

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

 

အေး၍ခြောက်သွေ့သောနေရာတွင် သိုလှောင်ပါ။ သော့ခတ်သိမ်းဆည်းထားပါ။ အစားအသောက်များ၊ တိရိစ္ဆာန် အစားအစာများနှင့် နီးကပ်စွာသိုလှောင်မထားရ။ဆေးဘူးခွံကို ပြန်လည်သုံးစွဲခြင်းမပြုပါနှင့်။ စမ်းချောင်း၊ ရေကန်၊ ရေအိုင်များထဲသို့ဆေးရည်များဖိတ်စင်ခြင်းမရှိပါစေနှင့်။ပိုးသတ်ဆေးဥပဒေဆိုင်ရာပြဌာန်းချက်များနှင့်အညီ စွန့်ပစ်ပါ။

 

ရှေးဦးသူနာပြုစုနည်း

 

ဆေးအရည်စွန်းသော ကိုယ်ခန္ဓာအစိတ်အပိုင်းများကို ရေများများ

သုံး၍ဆပ်ပြာနှင့် ဆေးကြောသန့်စင်ပါ။အဆိပ်သင့်က ဆရာဝန်ထံ

ချက်ချင်းခေါ်ဆောင်သင့်ပြီး လူနာကိုအော့အန်အောင်မလုပ်

ပါနှင့် ဆရာဝန်၏ကြီးကြပ်မှုဖြင့် လိုအပ်ပါက အစာအိမ်ဆေးကြော

 

သန့်စင်ခြင်း ဆောင်ရွက်ပါ။