အမ် ထရာကော ၇၀ ဒဗလျူပီ

English Name : M-Proneb 70WP
Registration No : 2013-1638
မှိုသတ်ဆေး

**ဆေးဖျန်းပြိး (၄)နာရီကြာမှ စိုက်ခင်းသို့ပြန်ဝင်ပါ။**

မှတ်ချက် ဆေးဖျန်းပြီးစောင့်ဆိုင်းရမည့်ရက် (၇-၁၄)ရက်

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း- ကလေးငယ်များလက်လှမ်းမမှီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါ။မီးနှင့်အိမ်မွေးတိရိစ္ဆာန်များ ကင်းလွတ်ရာတွင်သိုလှောင်ပါ။ ဆေးပုံးအခွံများကို မြစ်ချောင်းများ ၊ရေမြောင်းများအတွင်းမစွန့်ပစ်ရ၊ဖျက်ဆီး၍မြေမြှုပ်ပစ်ပါ။

ရှေးဉီးသူနာပြုစုနည်း

အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေ့ပြောင်းထားပေးပါ။အသားအရေကိုဆေးထိပေလျှင် ဆပ်ပြာသုံး၍ရေများများဖြင့် ဆေးကြောပစ်ပါ။မျက်စိအတွင်းဆေးဝင်လှျင်ရေကောင်းရေသန့်များဖြင့်ဆေးကြောပါ။အဝတအစားမားအားရေဖြင့်ဆေးကြော၍အဝတ်လဲပစ်ပါ။ဆေးမျိုချမိလှျင်လူနာအား ဆရာဝန်ထံချက်ချင်းပို့ပြီးဆေးကုသမှုခံယူပါ။

ပိုးသတ်ဆေးအန္တရာယ်ကြိုတင်ကာကွယ်ခြင်း

ပါးစပ် ၊မျက်စိ၊နှာခေါင်း၊အသားအရေနှင့်အဝတ်အစားများကိုဆေးမထိစေရ။ဆေးကိုင်တွယ်စဉ်ဆေးလိပ်မသောက်ရ၊အစာမစားရ။ဆေးကိုင်တွယ်ပြီးနောက်ရေချိုး၍အဝတ်လဲပါ။ငါးနှင့်ရေသတ္တဝါများအား အဆိပ်ဖြစ်စေသည်။