စွမ်းရည် တီကျစ်ရွက်ဖျန်းအားဆေးရည်(၁လီတာ၆ဘူး၁ကဒ်)

English Name : Swan Yee
Registration No : ထလ/ (၅၆၇)
မြေဆီတို့ရဲ့ သဘာ၀နဲ့ ထာ၀ရ အကောင်းဆုံး မိတ်ဆွေ စွမ်းရည်

တီကျစ်ရွက်ဖျန်း အားဆေးရည် အသုံးပြုပုံ

 

ဟင်းသီးဟင်းရွက် ၊ ပြောင်း ၊ ပန်းမာန် ၊ ကွမ်း ၊ ဆီထွက်သီးနှံ ၊ ပဲမျိုးစုံနှင့် အခြားသီးနှံမျိုးစုံ (သက်တမ်းနုနှင့် သက်လတ်သီးနှံအုပ်စု) အတွက် ၃ ကြိမ် ပတ်ဖျန်းနိုင်ပါသည်၊ ပထမအကြိမ် အဖြစ် ၁၅ ရက်မှ ၂၀ ရက် အတွင်းတွင် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ၏ ထက်၀က် ( တီကျစ်ရည် တစ်ဆလျှင် ရေ ၃၅ ဆ ခန့်)။ ဒုတိယ အကြိမ်အ ဖြစ် ပထမ အကြိမ် ဆေးဖျန်းပီး ၇ ရက်မှ ၁၅ ရက်အတ္ငင်း ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ၏ အနည်းဆုံးတစ်၀က် (သို့) လိုအပ်မှုပေါ်မူတည်၍ တစ်ဗူးနှုန်း ၊ တတိယ အကြိမ်အဖြစ် အဖူး အပွင့် စတင်ထွက်ချိန် ၊ ဉကပ်ချိန် ၊ ဉချချိန် တွင် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ၏ အနည်းဆုံးတစ်၀က် (သို့) လိုအပ်မှုပေါ်မူတည်၍ တစ်ဗူးနှုန်း ။ ( မှတ်ချက် အနည်းဆုံး ၃ ကြိမ် ပတ်ဖျန်းရန်နှင့် မြေအရေအသွေးပေါ် မူတည်၍ ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာ ဗူးတစ်ဗူးထိ အသုံးပြုနိုင်ပါတယ်။

 

စပါး ၊ ကြံနှင့် သက်တမ်းရင့် သီးနှံများအတွက် ၃ ကြိမ် ပတ်ဖျန်းနိုင်ပါသည် ။ ပထမအကြိမ် အဖြစ် စိုက်ပျိုးပီး ၂၀ ရက်သား ခန့်တွင် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ( တီကျစ်ရည် တစ်ဆလျှင် ရေ ၂၀ ဆ ခန့်)။ ဒုတိယအကြိမ် အဖြစ် စိုက်ပျိုးပီး ၃၀ ရက်သား ခန့်တွင် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ( တီကျစ်ရည် တစ်ဆလျှင် ရေ ၂၀ ဆ ခန့်)။ တတိယအကြိမ် အဖြစ် စိုက်ပျိုးပီး ၄၅ ရက်သားနှင့် ၂ လသား ခန့်တွင် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ( တီကျစ်ရည် တစ်ဆလျှင် ရေ ၂၀ ဆ ခန့်) ( မှတ်ချက် စပါးသီးနှံများအတွက် အနည်းဆုံး ၁ ကြိမ်မှ ၂ ကြိမ် ပတ်ဖျန်းနိုင်ပါတယ် )

 

သရက် ၊ ပိန္နဲ ၊ မရမ်း ၊ မာလကာ ၊ တညင်း ၊ ရှောက် ၊ ကျွဲကော နှင့် အခြားနှစ်ရှည်ပင်များအတွက် ၃ ကြိမ် ပတ်ဖျန်းနိုင်ပါသည် ။ ပထမအကြိမ် အဖြစ် အရွက်များမရင့်မှီ ( အညွန့်များ မထွက် ခင် အချိန် ) ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ( တီကျစ်ရည် တစ်ဆလျှင် ရေ ၂၀ ဆ ခန့်)။ ဒုတိယအကြိမ် အဖြစ် ပန်းမပွင့်မီ အရွက်ရင့်ချိန် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ( တီကျစ်ရည် တစ်ဆလျှင် ရေ ၂၀ ဆ ခန့်)။ တတိယအကြိမ်အဖြစ် အသီးကင်း၀င်ချိန် ရေ ၄ ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် တစ်လီတာဘူး ၁ ဘူး ( တီကျစ်ရည် တစ်ဆလျှင် ရေ ၂၀ ဆ ခန့်) (မှတ်ချက် ၃ ကြိမ်အထက်နှင့် လိုအပ်သလို ပတ်ဖျန်းရန်)