စန်ကော ၇၀ ဒဗလျူပီ

English Name : Sencor 70 WP
Registration No : P2018-2346
ရွေးချယ်ပေါင်းသတ်ဆေး

သုံးစွဲသူများသတိပြုရန်

ဤဆေးတွင်စံချိန်စံညွှန်းနှင့်အညီ ဆေးအစစ်ပါဝင်သည်။ ဤဆေးကို အညွှန်းတွင်ဖော်ပြထားသည့်အတိုင်းလိုက်နာသုံးစွဲရန်ဖြစ်ပြီး အခြားကိစ္စရပ်များတွင်လုံးဝအသုံးရ။ ရောင်းချသူနှင့်သုံးစွဲသူတို့၏ပေါ့လျော့မှု၊ မှားယွင်းမှုကြောင့်ဖြစ်သောဆုံးရှုံမှုများကိုထုပ်လုပ်သူမှတာဝန်မယူပါ။

မှတ်ချက်- ဆေးဖျန်းပြီးစိုက်ခင်းအတွင်းဝင်ရောက်ရန်စောင့်ဆိုင်းရမည့်အချိန် (၂၄)နာရီ

တစ်ဧကလျှင်(၁၆)လီတာဝင်ဆေးဖျန်းပုံးအား ပဲပုပ်တွင်(၈)ပုံးနှင့် ကျန်သီးနှံများတွင်(၁၀)ပုံးနှုန်းဖြင့် တွက်ချက်ထားပါသည်။

သီးနှံတစ်ရာသီတွင်တစ်ကြိမ်သာပက်ဖျန်းပါ။ မိုးရွာခါနီး ဆေးမဖျန်းရ။ သဲဆန်သောမြေများတွင်အသုံးပြုပါက သီးနှံလောင်ကျွမ်းမှုမရှိစေရန်ဆေးနှုန်းထားအနိမ့်ကိုအသုံးပြုပါ။ ဆေးဖျန်းချိန်၌ မြေကြီးတွင်အစိုဓာတ်လုံလောက်စွာရှိရမည်။ ဆေးဖျန်းပြီး ဆေးဖျန်းပုံးကိုသေချာစွာဆေးကြောပါ။ ဆေးဖျန်းပြီးနောက်စိုက်မည့်သီးနှံများ (မုန်လာဥ၊ မုန်ညှင်း၊ မုန်လာ၊ ငရုတ်ပူ၊ ဝါ၊ သခွား၊ ဆလပ်၊ ကြက်သွန်နီ၊ နေကြာ) ထိခိုင်မှုနည်းပါးစေရန် အနည်းဆုံး(၁၂)လ အထိစောင့်ဆိုင်းပြီးမှစိုက်ပျိုးပါ။ 

မရိတ်သိမ်းမီ နောက်ဆုံးဆေးဖျန်းရက် (၆၀)ရက်

သုံးစွဲရန်အညွှန်း

 (၁)သီးနှံ - ကြံ

ပေါင်းမြက် - တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများ

ဆေးနှုန်းထား - ၃၀၀-၄၀၀ ဂရမ်/ဧက၊ ၃၀-၄၀ ဂရမ်/ရေ(၁၆)လီတာ

ဆေးဖျန်းချိန် - ပေါင်းပင်မပေါက်မီ(မျိုးပိုင်းချပြီး)

(၂)သီးနှံ - ပဲပုပ်

ပေါင်းမြက် - တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများ

ဆေးနှုန်းထား - ၂၀၀ ဂရမ်/ဧက၊ ၂၅ ဂရမ်/ရေ(၁၆)လီတာ

ဆေးဖျန်းချိန် - ပေါင်းမပေါက်မီ(စိုက်ပျိုးပြီး)

(၃)သီးနှံ - ခရမ်းချဉ်

ပေါင်းမြက် - တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများ

ဆေးနှုန်းထား - ၂၀၀-၃၀၀ ဂရမ်/ဧက၊ ၂၀-၃၀ ဂရမ်/ရေ(၂၀)လီတာ

ဆေးဖျန်းချိန် - ပေါင်းမပေါက်မီနှင့် ပေါင်းပေါက်ကာစ(ရွှေ့ပြောင်းစိုက်ပြီး ၁-၅ ရက်)

(၄)သီးနှံ - အာလူး

ပေါင်းမြက် - တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများ

ဆေးနှုန်းထား - ၂၀၀-၃၀၀ ဂရမ်/ဧက၊ ၂၀-၃၀ ဂရမ်/ရေ(၂၀)လီတာ

ဆေးဖျန်းချိန် - ပေါင်းမပေါက်မီနှင့် ပေါင်းပေါက်ကာစ(ရွှေ့ပြောင်းစိုက်ပြီး ၁-၅ ရက်)

(၅)သီးနှံ - ကညွှတ်

ပေါင်းမြက် - တစ်နှစ်ခံမြက်များနှင့် ရွက်ပြန့်ပေါင်းများ

ဆေးနှုန်းထား - ၂၀၀-၄၀၀ ဂရမ်/ဧက၊ ၂၀-၄၀ ဂရမ်/ရေ(၁၆)လီတာ

ဆေးဖျန်းချိန် - ပေါင်းမပေါက်မီ(မရွှေ့ပြောင်းခင်း ၁ ရက်)

 

သတိပြုရန်

မျိုချမိပါက အန္တရာယ်ဖြစ်စေသည်။ ဆေးဖျန်းစဉ်လက်အိတ်၊နှာခေါင်းစည်း၊ လည်ရှည်ဖိနပ်၊ ဘောင်းဘီရှည်၊ ရှပ်အင်္ကျီလက်ရှည်၊ မျက်မှန်၊ ဦးထုပ်နှင့် အကာအကွယ်ဝတ်စုံ၊ အပြည့်အစုံဝတ်ဆင်ပါ။ မျက်လုံးနှင့် အရေပြားပေါ်သို့ဆေးနှင့် တိုက်ရိုက်မထိတွေ့စေရ။ ဆေးကိုင်တွယ်အသုံးပြုနေချိန် အစာစားခြင်း၊ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ရေသောက်ခြင်းမပြုရ။ ဆေးဖျန်းပြီးလျှင် အဝတ်အစားများကို ဆပ်ပြာနှင့် ဂရုတစိုက်စင်ကြယ်အောင်လျှော်ဖွတ်ပါ။ လေဆန်မှမဖျန်းရ။

ရှေးဦးသူနာပြုစုနည်း

ဆေးကိုရှူရှိုက်မိပါက လူနာကိုလေကောင်းလေသန့်ရရှိသည့်နေရာသို့ရွှေ့ပြောင်းထားပြီးနွေးထွေးစွာထားပါ။ အရေပြားကိုဆေးရည်ထိလျှင်ရေ၊ဆပ်ပြာတို့နှင့်ချက်ချင်းဆေးပေးပါ။  ဆေးပေသောအဝတ်အစားများကို ချွတ်ပစ်ပါ။ မျက်စိထဲဝင်ပါက ရေများများနှင့်(၁၅)မိနစ်ကြာမျှဆေးပေးပါ။ ဆေးမျိုချမိပါက ရေနှင့်ပလုတ်ကျင်းပါ။ ဆရာဝန်၏ညွှန်ကြာချက်မပါပဲအန်အောင်မပြုလုပ်ရ။ လူနာကိုဆေးထုပ်ပါ ပိုးသတ်ဆေးအညွှန်းစာနှင့်အတူ ဆရာဝန်နှင့်အမြန်ဆုံးကုသပေးပါ။

 

သိုလှောင်ခြင်းနှင့်စွန့်ပစ်ခြင်း

 

အေးမြခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသောနေရာတွင်မူလဆေးထုပ်ကို သေချာစွာပိတ်၍ သိုလှောင်ပါ။ ကလေးများလက်လှမ်းမမီသောနေရာတွင်လုံခြုံစွာသော့ခတ်သိမ်းဆည်းထားပါ။ ဆေးထုပ်အလွတ်များကိုပြန်လည်အသုံးမပြုရ။ ဖျက်ဆီး၍ မြေကျင်းနက်နက်တူးပြီး မြေမြုပ်ပစ်ပါ။ ရေသတ္တဝါများကိုပြင်းထန်စွာ အဆိပ်သင့်စေ၍ ဆေးဖျန်းကိရိယာ အသုံးပြုပြီးသော ဆေးထုပ်ခွံများကို မြစ်ချောင်း၊ အင်းအိုင်နှင့်မြောင်းများသို့မစွန့်ပစ်ရ။ မီးမရှို့ရပါ။ လူအစာအစား၊ တိရစ္ဆာန်အစားအစာ၊ မျိုးစေ့၊ ဓါတ်မြေသြဇာများနှင့်ရောနှောမသိုလှောင်ရ။

ဆရာဝန်သို့အကြံပြုချက်

 

တိကျသော အဆိပ်ဖြေဆေးမရှိပါ။ အဆိပ်သင့်လက္ခဏာကိုကြည့်၍ ကုသပါ။