ဟိုက်ပါ-သိုင်အိုယူရီးယား ၉၉

English Name : Hyper Thiourea 99
Registration No : ထသ - ၂၆၁

 

  • သရက်ပင်အတွက် အသုံးပြုလိုလျှင် အရွက်ဖျန်းရော အမြစ်ဖျန်းအနေနှင့်ပါ အသုံးပြုနိုင်ပါသည်။ အရွက်ဖျန်းဆေး အနေဖြင့် အသုံးပြုလိုပါက ရေ ၂၀ လီတာ (၅ဂါလံ) လျှင် ဆေး၅၀-၁၀၀ဂရမ် (ဟင်းစားဇွန်း ၅-၁၀)ကို ဖျော်စပ်ပြီး အသုံးပြုနိုင်ပါသည်။ အမြစ်ဖျန်းဆေး အနေဖြင့် အသုံးပြုလိုပါက ရေ ၂၀ လီတာ (၅ ဂါလံ) လျှင် ဆေး ၈၀-၁၀၀ ဂရမ် (ဟင်းစားဇွန်း ၈-၁၀) ကို ဖျော်စပ်ပြီး အသုံးပြုနိုင်ပါသည်။

  • ဒူးရင်းပင်အတွက် အသုံးပြုလိုလျှင် အမြစ်ဖျန်း အနေဖြင့်သာ အသုံးပြုနိုင်ပါသည်။ ဆေးနှုန်းထားမှာ ရေ ၂၀လီတာ (၅ဂါလံ) လျှင် ၂၀-၃၀ဂရမ် (ဟင်းစားဇွန်း ၂-)နှုန်းဖြင့် ဖျော်စပ်၍ အသုံးပြုနိုင်ပါသည်။

  • မင်းကွတ်ပင်အတွက် အသုံးပြုလိုလျှင် အမြစ်ဖျန်းရော ပင်စည်ဖျန်း အနေဖြင့်ပါ အသုံးပြုနိုင်ပါသည်။ နှစ်မျိုးစလုံး အတွက် ဆေးနှုန်းထားမှာ ရေ၂၀လီတာ (၅ဂါလံ)လျှင် ဆေး ၄၀-၅၀ ဂရမ် (ဟင်းစားဇွန်း ၄-၅ဇွန်း) နှုန်းဖြင့် ဖျော်စပ်ပြီး အသုံးပြုနိုင်ပါသည်။





သတိပြုရန်

ဆေးကိုမြိုချမိလျှင်၊ ရှူရှိုက်မိလျှင်၊ အရေပြားနှင့် ထိမိလျှင် အဆိပ်သင့်စေနိုင်သောကြောင့် ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အရေပြားနှင့် အဝတ်များကိုဆေးနှင့် မထိမိစေရန်သတိပြုပါ။ ဆေးပက်ဖျန်းရာတွင် မျက်စေ့ကာ၊ လက်အိတ်၊ နှာခေါင်းစည်းနှင့် ဆေးဖျန်းဝတ်စုံများကို အသုံးပြုပါ။ ဆေးဖျန်းပြီးအစားမစားမှီ၊ ဆေးလိပ်မသောက်မှီ၊ မျက်နှာနှင့် လက်များကိုဆပ်ပြာဖြင့် စင်ကြယ်အောင်ဆေးကြောပါ။ 

ရှေးဦးသူနာပြုစုခြင်း

ဆေးကိုမြိုချမိပါက လူနာကို ဆရာဝန်ထံချက်ခြင်းပို့ပါ။ အဆိပ်ဖြေဆေး သီးခြားမရှိပါ။ အဆိပ်သင့် လက္ခဏာအရ ကုသပေးပါ။ မျက်စိအတွင်းဆေးဝင်ပါက ၁၅ မိနစ်ခန့် ရေသန့်သန့်ဖြင့် ဆေးကြော၍ ဆရာဝန်အကြံပြုချက်အတိုင်းဆောင်ရွက်ပါ။ 

သိုလှောင်ခြင်းနှင့် စွန့်ပစ်ခြင်း

 ကလေးများလက်လှမ်းမမှီသော နေရာတွင်သော့ခတ်သိမ်းဆည်းပါ။ အစားအစာများ၊ အိမ်မွေးတိရစ္တာန်များနှင့်ကင်းလွတ်ရာတွင်သိုလှောင်ပါ။ ဆေးဘူးအခွံအဟောင်းများကိုပြန်လည်အသုံးမပြုရ။ မြစ်၊ချောင်းထဲတွင်မစွန့်ပစ်ရ။ မြေမြုပ်ဖျက်ဆီးပါ။ ဆေးဖျန်းပုံးများကို မြစ်ချောင်း၊ အင်းအိုင်များအတွင်းဆေးကြောခြင်းမပြုလုပ်ရ။

သတိပြုရန်

ကလေးငယ်များ ၊ အစားအသောက်များ ၊ အိမ်မွေး တိရစ္ဆာန်များနှင့် ဝေးသောနေရာတွင် ထားပါ ။

ဆေးကိုင်တွယ်ရာတွင် လက်အိတ် ။ မျက်မှန် ၊ အကွာအကွယ် ပေးနိုင်သော အဝတ်အထည် များ အသုံးပြုပါ ၊

ဆေးဖျန်းစဉ် အစာစားခြင်း ၊ ဆေးလိပ်သောက်ခြင်း ၊ လေကိုဆန်ပီး ဆေးဖျန်းခြင်းကို ရှောင်ပါ ၊

ဆေးဖျန်းပီးပါက အဝတ်အထည် ၊ ဉီးထုတ်နှင့် မျက်မှန်များကို ဆေးကြောပါ ၊

သိုလှောင်ခြင်းနှင့် လျော်ဖွတ်ခြင်း

မီးလောင်လွယ်သောနေရာမဖြစ်ရပါ ၊ လေဝင်လေထွက် ကောင်းသော  နေရာ ၊ အစားစာနှင့်ကင်းဝေးသောနေရာတွင် ထားပါ 

အသုံးပြုပီး ဆေးဘူးများ အဖုံးများကို သေချာစွာ ပြန်ပိတ်ပါ

ဆေးဖိတ်စင်သော နေရာများကို သဲ မြေမှုန် စုပ်ယူနိုင်သော အမှုန့်များ ဖြူးပါ ၊ ဆေးကြောပါ

ဆေးကြွင်းဆေးကျန်နှင့် ဘူးခွံများကို မြေမြှုပ်ဖျက်စီးပါ။ ပြန်လည် အသုံးပြုမှု မပြုရ