ကစ်ဒေါင်း ၂၀ ဒဗလျူပီ

English Name : Kick Down 20 WP
Registration No :
ငမြှောင်တောင်၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုး၊ ပျ၊ ဖြုတ်၊ လှေ ယင်ဖြူး၊ အဖျားပိုးမွှားပင့်ကူ ၊ ရွက်လိပ်ရွက်ကပ် ၊ စပါးဆစ်ပိုး၊ ခရမ်းခေါင်ညွန့် ထိုးပိုး၊စိန်ကွက်ဖလံစသည့်ပိုးများကိုထိရောက်စွာသတ်ပစ်နိုင်သည်။ ထိသေ စားသေ၊ စိမ့်ဝင်ထိုးဖောက်နှင့် ပင်လုံးပြန့်အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးမှုန့်ဖြစ်သည် ။ သီးနှံပင်၏ အစိတ်အပိုင်း အသီးသီးတွင် ကျရောက် ဖျက်ဆီးတတ်သော ကိုက်ဖြတ်ဝါးစားပိုးများ၊ စုပ်စားပိုးများနှင့် ပုန်းလျှိုးကွယ်လျှိုး စားသောက် ဖျက်ဆီးတတ်သော ပိုးများအားလုံးကို ထိရောက်လျင်မြန်စွာ နှိမ်နင်းနိုင်သည်။ သီးနှံပင်သက်တမ်းတစ်လျှောက် (အချိန်မရွေး) သုံးနိုင်သည်။
  • ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆေးမှုန့် (၅-၁၀) ဂရမ်နှုန်း ဖျော်စပ်၍ တစ်ဧကလျှင် (၂၅-၅၀) ဂရမ် နှုန်းသုံးပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။