ရွှတ်ဒေါင်း ၅% ဒဗလျူဒီဂျီ

English Name : Shoot Down 5% WDG
Registration No :
(လောက်ကောင်နှင့်ဖလံများကိုနှိမ်နင်းနိုင်သော ပိုးသတ်ဆေး ရွှတ်ဒေါင်း) ငမြောင်တောင်၊ ပွင့်ထွေးပိုး၊ သီးလုံးဖောက်ပိုး၊ ရွက်ထွင်းပိုး၊ ရွက်လိပ်၊ ရွက်ကပ်၊ ပြောင်းဖူးရွက်လိပ်ပိုး၊ ဖူးစားပိုး၊ စပါးဆစ်ပိုး၊ ခရမ်းခေါင်ညွန့်ထိုးပိုး၊ စိန်ကွက်ဖလံ စသည့်ပိုးများကိုထိရောက်စွာ သတ်နိုင်သည်။ ထိသေစားသေ၊ စိမ့်ဝင်ထိုးဖောက်အာနိသင်ရှိ ရေတွင်ပျော်ဝင် ပျံ့နှံ့မှုရှိသော အဘာမက်တင် အုပ်စုဝင် ပိုးသတ်ဆေးခဲ ဖြစ်သည်။
  • ရေ (၄) ဂါလံဝင် ဆေးဖျန်းပုံး တစ်ပုံးလျှင် (၁၀) ဂရမ် နှုန်း ထည့်ပါ။ တစ်ဧကလျှင် ဆေး(၅၀-၁၀၀) ဂရမ် နှုန်းသုံးပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။