စလိုက်ဒေါင်း ၂၅% ဒဗလျူဒီဂျီ

English Name : Slice Down 25% WDG
Registration No :
စုပ်စားပိုးအထူးသတ်ဆေးခဲ မမြင်နိုင်သော ဖျက်ပိုးများကို သေစေနိုင်သည့် ထိသေ၊ စားသေ နှင့် ပင်လုံးပြန့်အာနိသင်ရှိ ရေဖျော်ပိုးသတ်ဆေးအခဲဖြစ်သည်။ ပျ၊ ဖြုတ် ၊ ယင်ဖြူ၊ လှေးပိုး၊ မွှားပင့်ကူများ၊ ပိုးစေးနှဲ(မီလီဂျပိုး) ၊ ပဲမျိုးစုံတွင်ကျရောက်သော ပဲဂျပိုးများ၊ ကိုလိုရာဒိုကျိုင်း၊ ဟင်းသီးဟင်းရွက်များတွင် ကျရောက်သော ခေါင်ညွန့်ထိုးပိုး၊ ရွက်ထွင်းပိုး၊ ပင်စည်ထိုးပိုး၊ နှစ်ရှည်ပင်များတွင် ကျရောက်သော အကြေးပိုးနှင့် စပါးဆစ်ပိုးတို့ကို ထိရောက်စွာ နှိမ်နင်းနိုင်သည်။
  • ရေ (၄) ဂါလံဝင် ဆေးပုံးတစ်ပုံးလျှင် ဆေး(၅-၁၀) ဂရမ်နှုန်းဖြင့် ပက်ဖျန်းပါ။
  • တစ်ဧကလျှင် (၃၅-၅၀) ဂရမ်နှုန်း အသုံးပြုပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။