အမ် ပေါင်းရှင်း ၃၂%ဒဗလျူပီ

English Name : M-Pawn Shin 32% WP
Registration No : P 2013-1763
မြက်သီး၊ မြက်မုံညင်း၊ ကတောက်ဆက်၊ လယ်ကဒူ၊ မှိုနတို၊ ပေါင်းလေးညင်း၊ မြက်ကွမ်းသီး၊ ရေကညွန် နှင့် တစ်နှစ်ခံပေါင်းအမျိုးမျိုးကို သေစေနိုင်ပါသည်။

နှိမ်နင်းနိုင်သော ပေါင်းမြက်များ

မြက်သီး၊ မြက်မုံညင်း၊ ကတောက်ဆက်၊ လယ်ကဒူ၊ မှိုနတို၊ ပေါင်းလေးညင်း၊ မြက်ကွမ်းသီး၊ ရေကညွန် နှင့် တစ်နှစ်ခံပေါင်းအမျိုးမျိုးကို သေစေနိုင်ပါသည်။

အမ်-ဇင်းရှင်းသုံးစွဲရန်အညွှန်း

-တိုက်ရိုက်အစေ့ချစိုက်ခင်း/ရွှေ့ပြောင်းစိုက်ခင်းများအတွက် မျိုးစေ့ကျဲပြီး/ပြောင်းရွှေ့စိုက်ပြီး (၁ဝ-၁၅)ရက်သားမှ စတင်အသုံးပြုနိုင်ပါသည်။

-ရေ(၄)ဂါလံဆေးဖျန်းပုံး(၁)လုံးတွင် အမ်- ပေါင်းရှင်း ၃၂% ဒဗလျူပီ(၁၀၀)ဂရပ်ဆေး(၁)ထုပ်ကို ရေတွင်သေချာစွာဖျော်စပ်ပြီး (၁)ဇကဆေးဖျန်းပုံး(၄-၅)ပုံးနှုန်း နှံစပ်အောင်ဖျန်းပက်ပါ။

 

 

 

 

 

 

သတိပြုရန်အချက်များ

-ဆေးမဖျန်းဆီ(၁-၂)ရက်ကြိုတင်၍ ရေပြောင်အောင်ထုတ်ထားပါ။

-ဆေးဖျန်းမည့်လယ်မြေသည် မြေမျက်နှာပြင်ညီညာပြီး ရေအစိုဓါတ်ရှိရမည်

-ဆေးဖျန်းပြီး(၂)ရက်အတွင်း ရေပြန်သွင်းပေးပါ။ 

-ဆေးဖျန်းပြီး(၇)ရက်ကျော်မှ ဓါတ်မြေသြဇာကျဲပက်ပါ။

သိုလှောင်ခြင်းနှင့်စွန့်ပစ်ခြင်း - ကလေးငယ်များ လက်လှမ်းမမှီသောနေရာတွင် သော့ခတ်သိမ်းဆည်းပါး၊ မီးနှင့်အိမ်မွေးတိရစ္ဆာန်များကင်းလွတ်ရာတွင်သိုလှောင်ပါ။ ဆေးပုံးအခွံများကိုမြစ်ချောင်းများရေမြောင်းများအတွင်း မစွန့်ပစ်ရ၊ ပြန်လည်အသုံးမပြုရ၊ ဖျက်ဆီး၍မြေမြှုပ်ပစ်ပါ။ မီးမရှို့ပါနှင့်။

ရှေးဦးသူနာပြုစုကုသနည်း - အဆိပ်သင့်သောလူနာအား လေကောင်းလေသန့်ရရှိသောနေရာတွင် ရွှေ့ပြောင်းထားပေးပါ။ အသားအရေကိုဆေးထိပေလျှင် ဆပ်ပြာသုံး၍ရေများများဖြင့် ဆေးကြောပစ်ပါ။ မျက်စိအတွင်းဆေးဝင်လျှင်ရေကောင်းရေသန့်များဖြင့် ဆေးကြောပါ။ အဝတ်အစားများအား ရေဖြင့်ဆေးကြော၍ အဝတ်လဲပစ်ပါ။ ဆေးမျိုချမိလျှင်လူနာအား ဆရာဝန်ထံချက်ချင်းပို့ပြီးဆေးကုသမှုခံယူပါ။

ပိုးသတ်ဆေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း - ပါးစပ်၊ မျက်စိ၊ နှာခေါင်း၊ အသားအရေနှင့် အဝတ်အစားများကိုဆေးမထိစေရထားကိုင်တွယ်စဉ် ဆေးလိပ်မသောက်ရ၊ အစာမစားရ ဆေးကိုင်တွယ်ပြီးနောက် ဆေးလိပ်၊ ဓရနှင့်အစားအစာများမစားသောက်မျက်နှာနှင့်လက်များကို ဆပ်ပြာသုံး၍ ဆေးကြောပါ။ ဆေးကိုင်တွယ်ပြီးနောက် ရေချိုး၍အဝတ်လဲပါ။ ငါးနှစ်ရေသတ္တဝါများအား အဆိပ်ဖြစ်စေသည်။