ဟန်းနား ၅ အက်စ်စီ

English Name : Hanna 5 SC
Registration No :
(မှိုရောဂါအမျိုးမျိုးကိုထိရောက်စွာကာကွယ်ကုသဆေး) ပင်လုံးပြန့်အာနိသင်ရှိ ရေဖျော်မှိုသတ်ဆေးရည်ဖြစ်သည်။ ဘက်တီးရီးယား ရောဂါကျရောက်ပါက အခြားသော ဘက်တီးရီးယားသတ်ဆေးများနှင့် ရောစပ်၍ အသုံးပြုနိုင်ပါသည်။ ဟန်းနားမှိုရောဂါသတ်ဆေးသည် အပင်ငယ်မှစ၍ သီးနှံသက်တမ်းတစ်လျှောက် အသုံးပြုနိုင်သည်။ အဓိကကာကွယ်ကုသနိုင်သော ရောဂါများမှာ ရွက်ဖုံးခြောက်၊ စပါးမှိုသီးရောဂါ၊ ဖားဥမှို ၊ သံချေးရောဂါ၊ သံချေးဖြူ(ကျောက်ရောဂါ)၊ ခါးရိ ၊ ပင်ခြေပုပ်၊ ကြက်သွန်တောက်တဲ့မြီး ရောဂါနှင့် မြေပဲ၊ ပဲမျိုးစုံတွင် ကျရောက်သည့် ဆာကိုစပိုးရားရွက်ပြောက် ရောဂါနှင့် သစ်သီးပင်များတွင် ကျရောက်သော မှည့်ပြောက်စွန်းရောဂါတို့ဖြစ်သည်။ ဆေး၏ထူးခြားချက်မှာ အပင်တန့်ခြင်း၊ ဆေးလောင်ခြင်းတို့ မဖြစ်စေပါ။
  • ရေ (၄) ဂါလံဝင် ဆေးတစ်ပုံးလျှင် (၂၀-၄၀) စီစီနှုန်း ဖျော်စပ်ပက်ဖျန်းပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။