ဖန်းစတား ၃၀ အီးစီ

English Name : Fung Star 30 EC
Registration No :
(၂ )မျိုးစပ်မှိုရောဂါအမျိုးမျိုးကာကွယ်ကုသနှိမ်နင်းဆေး သီးနှံမျိုးစုံတွင် ကျရောက်သော မှိုရောဂါမျိုးစုံကို ထိရောက်စွာ ကာကွယ်ကုသနိုင်သော ပင်လုံးပြန့်အာနိသင်ရှိ မှိုရောဂါသတ်ဆေးဖြစ်သည်။ အထူးသဖြင့် မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့တွင်ကျရောက်သည့် ရွက်ပြောက်ရောဂါ၊ သံချေးမှိုရောဂါနှင့်ဖားဥမှို ရောဂါကို အထူးနှိမ်နင်းနိုင်သည့် မှိုသတ်ဆေးဖြစ်သည် ။ ဟင်းသီးဟင်းရွက်စိုက်ခင်းများတွင် ကျရောက်သည့် စောပင်နာကျ၊ ရွက်ပြောက်ရောဂါ၊ ရွက်ခြောက်ရောဂါ၊ ကြက်သွန်နီတွင် ကျရောက်သည့် တောက်တဲ့မြီးရောဂါတို့ကိုလည်း ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်ပါသည် ။ နှစ်ရှည်သစ်သီးပင်များတွင် ကျရောက်သည့် မှည့် ပြောက်စွန်းရောဂါကိုလည်း နှိမ်နင်းနိုင်ပါသည် ။
  • ရေ (၄) ဂါလံဝင် ဆေးတစ်ပုံးလျှင် ဆေးရည် (၁၀-၂၀) စီစီနှုန်းဖြင့် ရောဂါအခြေအနေပေါ်မူတည်၍ တစ်ဧက (၁၅၀-၄၀၀) စီစီနှုန်း ဖျော်စပ်သုံးစွဲနိုင်ပါသည်။