ကွစ်ခ်ဘန်း ၄၀ ဒဗလျူပီ

English Name : Quick Ben 40 WP
Registration No :
စပါးခင်းတွင် ကျရောက်သည့် မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်း စသည့် ပေါင်းအုပ်စု (၃) မျိုးလုံးကို ထိရောက်စွာ နှိမ်နင်းနိုင်သည့် ပင်လုံးပြန့် အာနိသင်ရှိ စပါးခင်းရွေးချယ် ပေါင်းသတ်ဆေးမှုန့်ဖြစ်သည်။ မြက်သီး၊ ဝမ်းဘဲစာမြက်၊ ငါ့သရောင်၊ မြက်မုန်ညင်းစိမ်း/ဝါ၊ မှိုနတို၊ ကတောက်ဆတ်၊ လယ်ပဒူ၊ ကနေဖော့၊ ရေကညွှတ်၊ ပေါင်းလေးညှင်းစသည့်ပေါင်းများကို ထိရောက်လျင်မြန်စွာ နှိမ်နင်းနိုင်သည်။ စပါးတိုက်ရိုက်ကျဲခင်း (သို့) ရွှေ့ပြောင်း စိုက်ခင်းများကျဲပြီး (သို့) ရွှေ့ပြောင်းစိုက်ပြီး (၁၅-၂၁)ရက်သားတွင် ဖျန်းပေးနိုင်လျှင် ပိုမိုထိရောက်မှု ရှိသည်။ မဖျန်းမီ လယ်ထဲရှိရေကိုထုတ်ပါ။ ၎င်းနောက် ကွစ်ခ်ဘန်းပေါင်းသတ်ဆေးကို အညွှန်းပါနှုန်းထားအတိုင်း စနစ်တကျ ဖျန်းပါ။ ဆေးဖျန်းပြီးနောက် (၂-၃) ရက် အကြာတွင်ရေပြန်သွင်းပါ။
  • ရေ (၄) ဂါလံဝင် ဆေးပုံးတစ်ပုံးလျှင် ကွစ်ခ်ဘန်း ဆေးမှုန့် (၈၀) ဂရမ် (တစ်ထုပ်) နှုန်းထည့်ပါ။
  • တစ်ဧကလျှင် (၅-၆) ပုံးဖျန်းပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။