ရွှေမင်္ဂလာ ရှယ်သီးစူပါ (0: 400: 440 + TE)

English Name :
Registration No :
ရှယ်သီးစူပါသည် အလွန်သေးငယ်သော ဖော့စ်ဖိတ်နှင့် ပိုတက်စီယမ် မော်လီကျူးများကို သီးနှံပင်၏ အစိတ်အပိုင်းများမှ အလွယ်တကူ စုပ်ယူစားသုံးနိုင်အောင် နည်းပညာသစ်ဖြင့် ထုတ်လုပ်ထားပါသည်။ အမျိုးအစားစုံလင်သည့် အနည်းလိုအာဟာရဓာတ်များကို ထည့်သွင်းထားသဖြင့် အပင်၏အာဟာရ လိုအပ်ချက်အများအပြားကို အချိန်တိုအတွင်းလျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်ပါသည်။ ရေတွင် အပြည့်အဝပျော်ဝင်နိုင်ပြီး ဟော်မုန်းများ၏ အကူအညီမလိုအပ်ဘဲ အမြစ်၊ အရွက်၊ အပွင့်၊ အသီးများသို့ အာဟာရဓာတ်များကို ပိုမိုကောင်းမွန်စွာပေးပို့နိုင်သည်။ သီးနှံပင်များမှလည်း စုပ်ယူစားသုံးနိုင်ပါသည်။ အပွင့်အသီး ကြွေမှုနည်းပါးပြီး အသီးတင်နှုန်း ကောင်းမွန်စေပါသည်။ ရာသီဥတုခြောက်သွေ့မှုဒဏ်၊ အအေးဒဏ်နှင့် ရေငတ်ဒဏ်ကို ခံနိုင်ရည်ရှိစေပြီး သီးနှံပင်၏ အရည်အသွေးကို ထူးခြားကောင်းမွန်စေပါသည်။
  • ရေ (၄) ဂါလံဝင် ဆေးပုံးတစ်ပုံးလျှင် (၃၀-၄၀) စီစီနှုန်း ရောစပ်ပက်ဖျန်းပါ။

သတိပြုရန်

မျက်စိ၊ အရေပြား၊ အဝတ်အစားများနှင့် မထိမိရန် ဂရုပြုရပါမည်။

ဆေးမှုန့်များ မရှူရှိုက်မိပါစေနှင့်။

ရှပ်လက်ရှည်၊ ဘောင်းဘီရှည်၊ လက်အိတ်၊ လည်ရှည်ဖိနပ်၊ နှာခေါင်းစည်း၊ မျက်မှန် ဝတ်ဆင်ပြီးမှ အသုံးပြုရပါမည်။

အစာမစားမီ၊ ဆေးမငုံမီ၊ ရေမသောက်မီ၊ ဆေးလိပ်မသောက်မီ၊ လက်ကို စင်ကြယ်စွာ ဆေးရပါမည်။

ဆေးကို မျိုချခြင်း၊ အသားထဲ စိမ့်ဝင်ခြင်းဖြစ်ခဲ့လျှင် အန္တရာယ်ရှိနိုင်ပါသည်။    

 

သိုလှောင်စွန့်ပစ်ခြင်း

ကလေးများနှင့် လက်လှမ်းမမီရာ လုံခြုံသောနေရာ၌ သိမ်းဆည်းရပါမည်။

သုံးစွဲပြီးသော ဆေးဘူး၊ ဆေးအိတ်အခွံများကို ပြန်မသုံးရပါ။

သုံးစွဲပြီးဆေးအိတ်များကို အန္တရာယ်ကင်းသည့် နေရာတွင် စွန့်ပစ်ရပါမည်။

ရေပေးဝေသော နေရာများတွင် ဆေးများကို ဆေးကြောခြင်း မပြုလုပ်ရပါ။

 

ရှေးဦးပြုစုခြင်း

အရေပြားနှင့် ထိတွေ့မိသော နေရာများကို ရေ၊ ဆပ်ပြာတို့နှင့် ပြောင်စင်အောင် ဆေးကြောရပါမည်။

မျက်လုံထဲဝင်မိလျှင် ရေသန့်သန့်ဖြင့် ၁၅မိနစ်ခန့် ဆေးချရပါမည်။

မျိုချမိလျှင် အန်အောင်ပြုလုပ်ရပါမည်။ နီးစပ်ရာ ဆရာဝန်ထံသို့ ပို့ရပါမည်။

အထူး သတ်မှတ် ဖြေဆေးမရှိပါ။