ရွှေမင်္ဂလာ ပဲတီစိမ်း၊ မတ်ပဲ အထူးအားဆေးတွဲ

English Name :
Registration No :
အပင်သက်တမ်းတစ်လျှောက် မရှိမဖြစ်လိုအပ်သည့် နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်နှင့် ပိုတက်ဓာတ်များအပြင် ဘိုရွန်၊ မိုလစ်ဒီနမ်၊ ဇင့်၊ မဂ္ဂနီဆီယမ်နှင့် ဆာလဖာ စသည့် အနည်းလိုအာဟာရဓာတ်များ ပြည့်စုံစွာ ပါရှိသည်။ ထို့အပြင် အမြစ်ဆင်းအားအလွန်ကောင်းမွန်သည့် ဟူးမစ်အက်ဆစ်၊ အပင်တက်ဟော်မုန်း၊ အမိုင်နိုအက်ဆစ်ဓာတ် အချိုးကျထည့်သွင်းထားသည်။
  • ရေ(၄)ဂါလံဝင် ဆေး(၁)ပုံးလျှင် ဆေးမှုန့် (၄၀) ဂရမ်နှင့် ဆေးရည် (၂၅) စီစီ နှုန်းထည့်သွင်းရောစပ်ပတ်ဖျန်းပေးပါ။
  • အပင်ငယ်စဉ် (၁၅) ရက်သားမှစ၍ (၇-၁၀)ရက်ခြားတစ်ကြိမ်နှုန်း သီးပွင့်ဝင်ချိန်အထိ ပက်ဖျန်းပေးခြင်းအားဖြင့် သီးတောင့်အရေအတွက်များစေပြီး အသီးအပွင့် ဖြစ်ပေါ်မှုများစေခြင်း၊ သီးတောင့်အရေအတွက်များစေခြင်း၊ အတောင့်တိုင်း အစေ့အဆန်ပြည့်ဝ၍ အထွက်တိုးစေသည်။ အရောင်အသွေးညီညာလှပ၍ အလေးချိန်စီးပြီး ရင့်မှည့်မှု ညီညာစေပါသည်။