ရွှေမင်္ဂလာ နှမ်းအထူးအားဆေးတွဲ

English Name :
Registration No :
နှမ်းပင်သက်တမ်းတစ်လျှောက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်ဆီယမ်ဓာတ်များအပြင် ဇင့်၊ ဘိုရွန်၊ မဂ္ဂနီဆီယမ်၊ ဆာလဖာနှင့် မိုလစ်ဒီနမ်ဓာတ်များပါ၍ ဟူးမစ်အက်ဆစ်ပါခြင်းကြောင့် အမြစ်ဆင်းအားကို အလွန်ကောင်းပြီး အမိုင်နိုအက်ဆစ်နှင့် အပင်တက်ဟော်မုန်း ပါသဖြင့် အပင်ကြီးမြန်၍ ပင်စည်တုတ်ခိုင်သန်မာခြင်း၊ ပန်းဖြိုင်ဖြိုင်ပွင့်စေခြင်း သီးရှဉ်းဖြစ်ပေါ်မှုများခြင်း၊ သီးရှဉ်းတိုင်းတွင် အစေ့အဆန်အောင်မြင်ပြည့်ဝစေပါသည်။
  • ရေ(၄)ဂါလံဝင် ဆေး(၁)ပုံးလျှင် ဆေးမှုန့် (၄၀)ဂရမ်နှင့် ဆေးရည် (၂၅) စီစီနှုန်း ထည့်သွင်းရောစပ်ပက်ဖျန်းပေးရပါမည်။
  • နှမ်းပင်သားခွဲပြီးချိန် (၁၈-၂၀) ရက်သားတွင် (၁)ကြိမ်၊ (၃၀-၃၅)ရက် (ကြက်ချေးစုချိန်)တွင် (၁)ကြိမ်၊ (၄၀-၄၅)ရက်သား (ခေါင်းလောင်းဆွဲချိန်)တွင် (၁)ကြိမ် စုစုပေါင်း (၃)ကြိမ် ပက်ဖျန်းပေးခြင်းဖြင့် အထွက်နှုန်းကောင်း၍ အလေးချိန်စီးကာ အောင်စေ့များပြီး ဆီထွက်နှုန်း အထူးကောင်းမွန်စေပါသည်။