ရွှေမင်္ဂလာ မြေပဲအထူးတွဲ (ပရီမီယမ်)

English Name :
Registration No :
မြေပဲပင် သက်တမ်းတစ်လျှောက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်စီယမ်ဓာတ်များအပြင် ဇင့်၊ ဘိုရွန်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ၊ မိုလစ်ဒီနမ် ဟူးမစ်အက်ဆစ်၊ အမိုင်နိုအက်ဆစ်နှင့် ဆီလီကာဓာတ်များပါဝင်သည်။ မြေပဲအပင်အားကောင်းစေပြီး စွယ်များများချ၍ ဥဆင်းအားကောင်းပြီး (၂)ဆစ်တောင့်များများ ဖြစ်စေသော ဘိုရွန်နှင့် မဂ္ဂနီဆီယမ်ဓာတ်များ ကြွယ်ဝစွာပါသဖြင့် ဥတောင့်ကြီးထွားကာ အစေ့အဆံအောင်နှုန်းကောင်းစေသည်။ အရောင်အသွေးလှ၍ အလေးချိန်စီးစေသည့်အပြင် အညှာခိုင်စေသဖြင့် ခူးဆွတ်နှုတ်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေသည်။
  • အပင်ငယ်စဉ် (၂၀)ရက်သားမှ စတင်ပက်ဖျန်းပါ။
  • အပင်သက်တမ်းတစ်လျှောက် မခူးဆွတ်မီချိန်ထိ (၇-၁၀)ရက်ခြား (၂-၃)ကြိမ် ပက်ဖျန်းပါက အထွက်နှုန်း အလွန်ကောင်းစေသည်။
  • ရေ (၄) ဂါလံဝင် ဆေး(၁)ပုံးလျှင် ဆေးမှုန့်(၄၀)ဂရမ်နှင့် ဆေးရည် (၂၅)စီစီနှုန်း ထည့်သွင်းရောစပ်ပက်ဖျန်းပေးပါ။