အောလ်ဂွတ်

English Name : All Good
Registration No :
(သီးနှံစုံ အာဟာရဖြည့် ရွက်ဖျန်းမြေဩဇာအရည်) အမိုင်နိုအက်ဆစ်ခေါ် အပင်အတွက် သက်စောင့်ဓါတ်များစွာ ပါဝင်သည်။ သီးနှံပင်များအတွက် မရှိမဖြစ်လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စ်ဖိတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဆာလဖာ၊ မိုလစ်ဒီနမ်၊ ဇင့်၊ ဘိုရွန် ၊ မင်းဂနိစ်၊ ဟူးမစ်အက်ဆစ်နှင့် အနည်းလိုအာဟာရဓါတ်များ ပြည့်စုံစွာပါဝင်သည်။ မြေအမျိုးအစားမရွေးအသုံးပြုနိုင်ပြီး ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိစေ ။ အမြစ်သစ်အမြန်ထွက်၍ အပင်တက်မြန်စေပါသည်။ အားဆေး၊ ပိုးဆေး၊ ရောဂါသတ်ဆေးများဖြင့် တွဲစပ်ပက်ဖျန်းနိုင်သည်။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများလောင်ခြင်းကိုလည်းကုသနိုင်သည်။ အပင်သက်တမ်းတစ်လျှောက် သုံးစွဲနိုင်သည်။ မျိုးစေ့ဖြင့် လူးနယ်စိုက်ပျိုးပါက အပင်ပေါက်မြန်၍ အမြစ်ထွက်အားကောင်းစေသည် ။ ခရမ်းချဉ်ကဲ့သို့သော ပျိုးပင်များ ရွှေ့ပြောင်းမစိုက်မီ (၃/၄ ) ရက်ခန့်တွင် ကြိုတင်ပက်ဖျန်းထားပါက အမြစ်များ ကြံ့ခိုင်ပြီး အပင်လှန်မြန်စေ၍ ရွှေ့ပြောင်းသည့်ဒဏ် ခံနိုင်ရည်ရှိစေသည် ။ အပင်ငယ်စဉ်မှစ၍ ပက်ဖျန်းပါက အမြစ်ထွက်အား ကောင်းပြီး ပင်စည်တုတ်ခိုင်သန်မာစေသည်။ ရောဂါဒဏ်၊ ရာသီဥတုဆိုးရွားသည့်ဒဏ်ကို ခံနိုင်ရည်ရှိစေသည်။ ပွင့်ဖူးဆင်ချိန်သုံးလျှင် ပန်းဖြိုင်ဖြိုင်ပွင့်စေသည်။ အပွင့်မှ အသီးတောင့်/ဥသို့ကူးပြောင်းမှု မြန်ဆန်စေသည်။ အသီးသီးချိန်၊ ဥဆင်းချိန်သုံးလျှင် အစေ့အဆံပြည့်ဝ၍ အလေးချိန်စီးစေသည်။ အရောင်အသွေးလှပပြီး အရည်အသွေးမြင့်မား‌စေသည်။ ပန်းမာလ်များတွင် ပက်ဖျန်းပါက အပွင့်ကြည် အရောင်လှ၍ ကြာရှည်အထားခံပြီး ခရီးဝေးတင်ပို့မှုဒဏ်ခံနိုင်ရည်ရှိစေသည်။ အစိုဓါတ်ပြေးချိန် ပက်ဖျန်းပါက အပင်သက်တမ်းစေ့ နေနိုင်၍ အထွက်နှုန်း အမြင့်ဆုံး ရရှိစေပါသည်။
  • ရေ (၄) ဂါလံဝင် ဆေးတစ်ပုံးလျှင် ဆေးရည် (၁၅-၂၅) စီစီ ရောစပ်ပက်ဖျန်းနိုင်ပါသည်။