ပျံလွှား ဇီဝစုပ်စားပိုးသတ်ဆေး (အော်ဂဲနစ်)

English Name :
Registration No :
သဘာဝအတိုင်းတည်ရှိသော အင်းဆက်ပိုးများကို ရောဂါဖြစ်စေသည့် မှို (Verticillium lecanii) ၏ သီးသန့်ရွေးချယ်ထားသည့် မျိုးစိတ်တစ်ခုကို အခြေခံထားသော ဇီဝပိုးသတ်ဆေး ဖြစ်သည်။ စုပ်စားပိုးများကို ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။

ဆေးနှုန်းထားနှင့် သုံးစွဲနည်းစနစ်

ရွက်ဖျန်းသုံးစွဲခြင်း - ဖြုတ်ပိုးများနှင့် ဒက်ပိုးတုများအတွက် ရေ (၁) လီတာတွင် ဆေးရည် (၆) စီစီနှုန်း (မြင်းကျားဇွန်းကြီး ဇွန်းဝက်ကျော်ကျော်) ဖျော်စပ်ပါ။

ကြီးထွားနေဆဲအပင်များတွင် ဆေးရည်နှင့် ဖျက်ပိုး၏ ခန္ဓာကိုယ်တိုက်ရိုက်ထိအောင် ပက်ဖျန်းပါ။ ဆေးရည်လိုအပ်မှု ပမာဏသည် သီးနှံပင်၏ အပင်ရိပ်မိုး (canpy) ၏ အကြီးအသေးပေါ် မူတည်သည်။ 

မြေတွင်ဖျန်းခြင်း - မြေတွင်းအောင်းဒက်ပိုးတုများအတွက် ရေတစ်လီတာတွင် ဆေးရည် (၆) စီစီနှုန်း (မြင်းကျားဇွန်းကြီး ဇွန်းဝက်ကျော်ကျော်) ဖျော်စပ်ပါ။

အပင်ခြေအမြစ်ဇုံတစ်ဝိုက်တွင် ဆေးဖျန်းပြီး တူးဆွ/ထည်ထိုးထွန်မွှေခြင်းဖြင့်အထက်အောက်သမစေခြင်း သို့မဟုတ် မြေအားရွှဲရွှဲစိုအောင်လောင်းပေးရပါမည်။

အစက်ချရေပေး စနစ်ဖြင့်သုံးစွဲခြင်း - ရေ(၁)လီတာ တွင် ဆေးရည်(၆)စီစီနှုန်း

(မြင်းကျားဇွန်းကြီးဇွန်းဝက် ကျော်ကျော်)ဖျော်စပ်ပါ။ ထို့နောက် အစက်ချရေပေး ဖျန်းစနစ်ဖြင့်

သီးနှံမစိုက်မှီ (သို့မဟုတ်) စိုက်ပြီး အချိန်တွင် သုံးနိုင်သည်။ အစက်ချစနစ်ဖြင့် ဆေးကျွေးဖျန်းခြင်းကို

နံနက်ခင်းစောစော (သို့မဟုတ်) ညနေစောင်းတွင် ပြုလုပ်သင့်သည်။

 

ဆေးရည် ဖျော်စပ်နည်း

ရောစပ်မည့်ပုံးကို ဦးစွာရေဖြင့်ဆေးကြောသန့်စင်ပါ။ ပုံးအတွင်းသို့ ပျံလွှား ဇီဝစုပ်စားပိုးသတ်ဆေး ကို

အရင် ထည့်ပြီးနောက်မှ ရေထည့်ရသည်။ ဖျော်စပ်ရာ တွင် ရေသက်သက် (သို့မဟုတ်) ပျံလွှား စွယ်စုံ

ပိုးသတ်ဆေးကို ရေနှင့် ဖျော်ထားသော အရော ဆေးရည်ကိုလည်း သုံးနိုင်သည်။

တွဲဖက်အသုံးပြုနိုင်မှု/ သဟဇာတဖြစ်မှု

ပျံလွှား ဇီဝ စုပ်စားပိုးသတ်ဆေးသည် တမာအခြေခံ ပိုးသတ်ဆေးများ အခြား ဇီဝပိုးသတ်ဆေးများနှင့်

ရောစပ်၍ သုံးစွဲနိုင်သည်။ သို့ရာတွင် မှိုသတ်ဆေး များနှင့် ရောစပ်၍ မသုံးရပါ။