ပျံလွှား အပင်တွင်း ရေထိန်းဆေး

English Name :
Registration No :
ဩဂဲနစ်

ဆေးနှုန်းထားနှင့် သုံးစွဲနည်းစနစ်

ရေ (၁)လီတာတွင် ပျံလွှား အပင်တွင်းရေထိန်းဆေး (၃-၅) စီစီ ရောစပ်ပြီး ဖျော်ပါ။ (၁)ဧက ဆေးဖျန်း

ပမာဏ (ဆေးပုံးအရေအတွက်) သည် သီးနှံပင်၏ အပင်ရိပ်မိုး (Canopy) အရွယ်အစားနှင့် ဒေသ အလိုက်

ဆေးဖျန်းသည့် အလေ့အထတို့အပေါ် မူတည်၍ ကွာခြားနိုင်သည်။

ဥယျာဉ်ခြံသီးနှံနဲ့ သစ်သီးဝလံအပင်များ - ရေ(၄)ဂါလံ ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆေး ၉၀ စီစီ (သို့)

မြင်းကျားဇွန်းကြီး ၉ဇွန်းခန့်။

အခြားသီးနှံပင်များ ရေ (၄) ဂါလံ ဆေးဖျန်းပုံး တစ်ပုံးလျှင် ဆေး ၅၄ စီစီ၊ မြင်းကျားဇွန်းကြီး ၆ဇွန်းခန့်။

 

( ဆေးဖျန်းပြီး မိုးသည်းထန်စွာရွာသွန်းပါက အရွက်များပြန်လည်ခြောက်သွေ့ချိန်တွင်

ထပ်မံဖျန်းရန်လိုပါသည်။)

 

ဆေးရည် ဖျော်စပ်နည်း

ဆေးကြောသန့်စင်ပြီး ခြောက်သွေ့သော ဇလုံ အတွင်းသို့ ပျံလွှား အပင်တွင်းရေထိန်းဆေးကို

သတ်မှတ်နှုန်းထား အတိုင်း ထည့်ပါ။ ထို့နောက် သတ်မှတ် ရေပမာဏ ထည့်ပါ။ ဆေးများ ရေဖြင့်

ပျော်သွားစေရန် သမအောင် မွှေပေးပါ။

 

တွဲဖက်အသုံးပြုနိုင်မှု

ပိုးသတ်ဆေး အများစုနှင့် ရောစပ်ဖျန်း၍ ရပါသည်။ သို့ရာတွင် ရောစပ်ပြီး အပင်ဧရိယာ အနည်းငယ်တွင်

စမ်းသပ် ဖျန်းကြည့်ရန် လိုသည်။ အပင်မလောင်မှသာ သုံးခဲ့သော နှုန်းထားများအတိုင်း ရောစပ်နိုင်သည်။

 

ရွက်ဖျန်းအားဆေးများနှင့် ရောစပ်ဖျန်း၍ ရပါသည်။ ရွက်ဖျန်းအားဆေးများအား

စွဲကပ်မှုအားပိုကောင်းစေ၍ အစွမ်းအာနိသင် ပိုမိုထိရောက်စေသည်။