စိုက်ပျိုးရေးနဲ့ပတ်သတ်တဲ့ စကားပုံလေးတွေ ဖြေဆိုပြီးတော့ ဆုငွေတွေကိုရယူလိုက်ပါ

27/12/2018 13:41 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ ရှေးစကားပုံတွေကို လေ့လာပြီးတော့ တောင်သူတွေကိုယ်တိုင် အပျော်တမ်း ဝင်ပြိုင်လို့ရမယ့် အစီအစဉ်လေးတစ်ခုကို ဒီဇင်ဘာလ (၂၇)ရက်မှာ အစိမ်းရောင်လမ်းကနေ ပြုလုပ်သွားပါမယ်။

မေးခွန်းတွေက ခက်ခက်ခဲခဲ မဟုတ်ဘဲ ကွက်လပ်လေးတွေကိုသာ ဖြေဆိုရမှာပါ။

အဖြေမှန်တဲ့သူတွေထဲက အယောက်(၂၀) ကို ဇန်နဝါရီလ (၂) ရက်မှာ ဖုန်းဘေလ် ၃,၀၀၀ကျပ် လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။

 

ဖြေဆိုရမယ့် မေးခွန်းတွေကတော့

(၁) ငှက်ပျောကဆုန်     ...................................................

(၂) ကောက်သီးဝါဝင်း  ......................................................

(၃) နွေထနောင်း .......................................................

(၄) နယုန်မိုးသေး ........................................

(၅) ဝါကဆုန်  နှမ်း.................................

(၆) ဖုံးတုံးလုံးတုန်း ...............................

(၇) သဇင်ပွင့်သော် ............................................

(၈) ငုံးပျံဖုန်ထ   .............................................

(၉) အရှေ့မှာ ညောင်၊ တောင်ကား...........................၊ မြောက်ကြော............................၊ နောက်ယံ သဖန်း၊ ဒန်းနှင့်သပြေ မစိုက်လေနှင့်

(၁၀)   .......... ထောင်းလို့ ဆန်ကောင်းမရ

ဖြေဆိုရမယ့်နေရာကတော့

 (အကြံပြုရန်)ကဏ္ဍမှာ ဝင်ရောက်ဖြေဆိုရမှာပါ။

 

ဥပမာ -

မေးခွန်းမှာ

(၁) ငရုတ်တစ်လှမ်း ...............................

(၂) ခဝဲပွင့်ချိန်  ...............................................

အဖြေမှာ

(၁) ခရမ်းတစ်ခုန်

(၂) ခင်းကထိန်

လို့ဖြေဆိုရမှာပါ။

ဆုကြေးငွေကို ဘယ်လိုထုတ်ယူကြမလဲ??

ဆုရရှိသူတွေကို ဇန်နဝါရီလ (၂)ရက်နေ့မှာ Green Way -အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် Facebook Page ကနေ ကြေငြာပေးမှာဖြစ်ပြီး၊ ဆုရရှိသူ ပြိုင်ပွဲဝင်တွေက Message Box ကနေ (သို့) ကောမန့်ကနေ နာမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ပေးရမှာ ဖြစ်ပါတယ်။

စိုက်ပျိုး၊ မွေးမြူရေးသမားတွေအတွက် အစိမ်းရောင်လမ်းက အစဉ်ကြိုးစားလျက်ပါ။

*မှတ်ချက်။ ။ ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းအတိုင်းသာ ဖြေဆိုရမည်။

#GreenWay


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်