အသံလှူကြရအာင်

11/01/2018 17:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာလူမျိုးများဟာ အလှူအတန်း ရက်ရောတယ်လို့ ထင်ရှားပါတယ်။ ဒါကြောင့် အခုထူးခြားတဲ့ အလှူဒါနလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အဲဒီအလှူက ငွေကြေးအကုန်အကျလည်း မရှိပါဘူး။ ကိုယ့်ရဲ့့အားလပ်ချိန်လေးမှာ တတ်နိုင်သလောက် လုပ်သွားလို့ရပါတယ်။ အချိန်လေးနည်းနည်းလောက် ပေးနိုင်ရင်ရပါတယ်။ အဲဒါကတော့ ရန်ကုန်၊ မျက်မမြင်ကျောင်း(ခဝဲခြံ)က မျက်မမြင်တွေအတွက် အသံအလှူဒါနပါ။ မျက်မမြင်ကျောင်း(ခဝဲခြံ)မှာ ဒီနှစ် မူလတန်းကနေ အထက်တန်းအဆင့်အထိ ကျောင်းသားရ၁ဦးရှိပြီး အသက်မွေးဝမ်းကျောင်း လက်မှုပညာသင်ကြားနေတဲ့ ကျောင်းသား ၇၉ဦးရှိပါတယ်။ အဲဒီ မျက်မမြင်ကျောင်းသားတွေ ဖတ်နိုင်အောင်လို့စီမံထားတဲ့ မျက်မမြင်စာအုပ်တွေရှိပေမဲ့ စာအုပ်အထူကြီးတွေ၊ လုံးချင်းဝတ္တုတွေကို မျက်မမြင်စာအုပ်ထုတ်ဖို့ အခက်အခဲရှိပါတယ်။ အဲဒါကြောင့် Talking Bookအဖြစ်နဲ့ ထုတ်ဝေဖို့စီစဉ်တာပါ။ လစဉ်ထုတ်မဂ္ဂဇင်းတွေ၊ စာစောင်တွေ၊ သုတရသစာအုပ်တွေကို မျက်မမြင် ကျောင်းသားတွေအတွက် Talking Bookအဖြစ် ပြောင်းလဲထုတ်ပေးပါတယ်။ အဲလိုမျိုး Talking Book တွေ ထုတ်ပေးတဲ့နေရာမှာ ကျောင်းမှာရှိတဲ့ ဝန်ထမ်းအင်အားနဲ့ မလုံလောက်တဲ့အတွက် အသံအလှူရှင်တွေ ဖိတ်ခေါ် ထားပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်အားတဲ့အားလပ်ရက်တွေမှာ ကျောင်းမှာရှိတဲ့ အသံသွင်းခန်းမှာသွားရောက်ပြီး အသံဒါနပြုနိုင်ပါတယ်။ Talking Bookအဖြစ် ပြောင်းလဲပေးရမယ့် စာအုပ်တွေလည်း ကျောင်းမှာအဆင်သင့်ရှိနေပါတယ်။ အသံအလှူရှင်တွေအနေနဲ့ ကိုယ်ပေးနိုင်တဲ့ အချိန်ပေါ်မှာမူတည်ပြီး ဆောင်းပါးတစ်ပုဒ်ချင်း၊ ဝတ္ထုတစ်ပုဒ်ချင်းကစပြီး လုံးချင်းစာအုပ်တွေအထိ ဖတ်ပေးနိုင်ပါတယ်။ မျက်မမြင်ကျောင်းကို မသွားရောက်နိုင်တဲ့ အလှူရှင်တွေအနေနဲ့ ကိုယ်တိုင်အသံသွင်းပြီး အသံဖိုင်ကို လှူဒါန်းနိုင်ပါတယ်။ အဲလိုမျိုး လှူဒါန်းမယ်ဆိုရင် အသံအရည်အသွေး ကောင်းမွန်ဖို့ ဂရုစိုက်ရပါမယ်။ အသေးစိတ် သိချင်တာပဲဖြစ်ဖြစ်၊ ဆက်သွယ်လှူဒါန်းချင်ရင်ပဲဖြစ်ဖြစ် ရန်ကုန်မျက်မမြင်ကျောင်း(ခဝဲခြံ) အမှတ် – ၁၆၅၊ ဗဟိုလမ်း ၂ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း-၆၆၁၆၈၉၊ ၆၆၂၀၃၄၊ အီးမေးလ် [email protected] ကို ဆက်သွယ်နိုင်တယ်။ www.mcfblind.com ဝက်ဘ်ဆိုက်မှာလည်း လေ့လာနိုင်ပါတယ်။ မဆီမဆိုင်ပဲပြောရမလား …. အဆိုတော် လေးဖြူရဲ့ “သင်၏နားကိုငှားပါ”ဆိုတဲ့ သီချင်းလေးကို သတိရမိလို့ ကျနော့်အနေနဲ့ “သင့်မျက်လုံးကို ငှားပါ” လို့ ပြောလိုက်ချင်ပါတယ်။

Credit to Thet Tun


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်